မြေပုံမြို့နယ်၌ အထက်တန်းအဆင့် သင်ရိုးသစ်Grade(11)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့နယ်၌ အထက်တန်းအဆင့် သင်ရိုးသစ်Grade(11)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိ






MNP ၊ မေလ ၂၁ 

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အထက်တန်းအဆင့် သင်ရိုးသစ် Grade(11)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က အ ထ က မြေပုံ အခြေခံပညာအထက်တန်းကျောင်းတွင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းကို နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အတည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆရာ/ဆရာမများ၏အခန်းကဏ္ဍသည် အဓိကအကျဆုံးနေရာတွင်ပါဝင်နေသည့်အတွက် ပညာရေးဝန်ကြီးဌာ န အခြေခံပညာဦးစီးဌာနမှ ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများ ဆရာ/ဆရာမများအား သင်ရိုးသစ် Grade(11)မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်သင် ကြားလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ မြေပုံမြို့နယ်အဆင့် သင်ရိုးသစ်Grade(11)သင်တန်းတွင် သင်တန်းနည်းပြ(၁၀)ဦး တို့က မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် သင်တန်းသား/သူ ဆရာ ၊ ဆရာမ (၁၀၆)ဦးတို့ကို မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ၊ ဘောဂဗေဒ ၊ ပထဝီ ၊ သမိုင်း ၊ စာရိတ္တနှင့် ပြည်သူ့နီတိ+ကာယဘာသာရပ်တို့ကို မေလ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

သတင်း - ခိုင်မိုးမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)