Pages

Pages

လှိုင်မြို့နယ်တွင် (Grade.11) သင်ရိုးသစ် သင်တန်းဆင်းပွဲ ကျင်းပ

 


MNP - မေ   ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grede-11 သင်တန်းကို ယမန်နေ့  နေ့လယ် (၂) နာရီအချိန် လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်‌ရောက်ခဲ့ကြ ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းမင်းအောင်တို့မှ အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်မှ သင်တန်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ သင်တန်းသားများ ကိုယ်စား ကျောင်းအုပ်ဆရာ(၁)ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းကို ကျောင်းသား / ကျောင်းသား / ကျောင်းသူများအား သင်ကြားပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ပို့ချ‌ပေးခဲ့ရာသင်တန်းသူ၊ သင်တန်းသား (၇၉) ဦးတက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ရဲအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment