Pages

Pages

ဘားအံမြို့တွင် နွေရာသီအင်္ဂလိပ်စာ Grammar အခြေခံသင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


MNP - မေ   ၂၆


ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar (၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအလဟဿမဖြစ်စေဘဲ အတတ်ပညာတစ်ခုခုကို ဆည်းပူးလေ့လာရာတွင် ယနေ့ခေတ်မှာ English ဘာသာရပ်ဟာ မဖြစ်မနေလေ့လာသင်ယူရန်လိုအပ်ပါကြောင်း၊ အသိပညာ/ အတတ်ပညာတစ်ခုခုကိုသင်ယူရာတွင် ရည်မှန်းချက်ထား၍ ပြည့်ပြည့်ဝဝ တတ်မြောက်အောင် လေ့လာသင်ယူရမှာဖြစ်ကြောင်း၊ အခြေခံတတ်မြောက်ပြီးသွားလျှင် နောက်တစ်ဆင့်လေ့လာရာတွင် ပိုမိုလွယ်ကူသွားမှာဖြစ်ကြောင်း၊ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ English Grammar သင်တန်း သင်ခန်းစာဆန်းစစ်ချက်စာမေးပွဲကို Kahoot Quiz Game ဖြင့် ယှဉ်ပြိုင်ကြရာ ပထမဆုအား မအိမွန်ချို၊ ဒုတိယဆုအား မချောစုသင်း၊ တတိဆုအား မမေဆုမြတ်နိုး၊ အထူးဆု(၁)အား မအေမီစိုး ၊ အထူးဆု(၂)အား မစုတင်ဇာထွန်းတို့ကရရှိခဲ့ပြီး ဆုရရှိသူများကို ဘားအံခရိုင်လက်ထောက်ညွှန်ကြားရေးမှူး‌ဒေါ်စိုးစိုးအေး၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အင်္ဂလိပ်စာ Grammar သင်တန်းကို မေလ(၉)ရက်နေ့မှ မေလ(၂၅)ရက်နေ့အထိ နေ့စဉ်မွန်းလွဲ(၂:၀၀)နာရီမှ (၄:၀၀)နာရီအချိန်အထိသင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment