Pages

Pages

မြို့သစ်မြို့နယ်တွင် အခြေခံအင်္ဂလိပ်စာ (Grammar) (အခမဲ့) သင်တန်းဆင်းပွဲကျင်းပ



MNP - မေ   ၂၆


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာ (Grammar) (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်မှ သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းနည်းပြ ဦးအောင်ကျော်မင်းမှ သင်တန်းသား/သူများအနေဖြင့် သင်တန်းကာလတွင် သင်တန်းချိန် အပြည့်အဝတက်ရောက်၍ သင်ခန်းစာများကို ဂရုတစိုက်လေ့လာဆည်းပူးသဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိမှ သင်တန်းနည်းပြအား ဂုဏ်ပြုလက်မှတ်နှင့် မေတ္တာလက်ဆောင်ပေးအပ်၍ သင်တန်းသား/သူများမှသင် တန်းနည်းပြဆရာအား ဂါရဝပြုကန်တော့ခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းအိဇွန် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment