အထက်တန်းအဆင့် သင်ရိုးသစ်(Grede-11) မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထက်တန်းအဆင့် သင်ရိုးသစ်(Grede-11) မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်




MNP ၊ မေ  ၂၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်းအဆင့် သင်ရိုးသစ်(Grede-11) မြို့နယ်အဆင့် ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၉နာရီက တစ်နိုင်ငံလုံးတစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ သံတွဲမြို့၌ အထက(ခွဲ) ငကျော်တောင် ကျောင်းတွင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းကို ကျောင်းသား၊ ကျောင်းသူများအားသင်ကြားပို့ ချရာတွင် စနစ်တကျကျွမ်းကျင် ပိုင်နိုင်စွာသင်ကြားနိုင်ရေးအတွက်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်းအဆင့် သင်ရိုးသစ်Grede-11 ၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ဘောဂ ၊သမိုင်း၊ ပထဝီဝင်၊ နှင့် ကာယပညာရပ်များကို မေ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းတွင် သံတွဲမြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြဆရာ/ဆရာမ စုစုပေါင်း (၁၃၃)ဦးသင်တန်းတက်ရောက်လျက်ရှိပြီး ဗဟိုနည်းပြနှင့် ပြည်နယ်အဆင့်နည်းပြသင်တန်း တက်ရောက် ပြီးသူ (၁၂)ဦး တို့က ဆင့်ပွါးသင်ကြားပေးလျက် ရှိရာ ဒုတိယပညာရေးမှူး ဦးထွန်းထွန်းနိုင်နှင့် လက်ထောက် ပညာရေးမှူး နှစ်ဦးတို့မှ ကြီးကြပ်ဆောင်ရွက်လျက် ဆင့်ပွါးသင်တန်း ဖွင့်လှစ် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သင်တန်းကြီးကြပ်အဖွဲ့ထံမှ သိရှိရသည်။ 


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)