Pages

Pages

ကော့သောင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

 


MNP - မေ   ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်နိုင်ရန် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ်အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်၌ပထမကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ အမျိုးသမီးမငယ်(၇၉)ဦးကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။


အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအားထိုးနှံပေးခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးအမျိုးသမီးတစ်ဦးအနေဖြင့် (HPV)ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ကြောင်း၊ ကာကွယ်ဆေးတစ်ကြိမ်နှင့်တစ်ကြိမ်(၁၂)လခြားပြီးမှ ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက နောက်ဆက်တွဲရောဂါများဖြစ်ပွားနိုင်ကြောင်းသိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment