Pages

Pages

ရှမ်းရွာသစ်မြို့တွင် စံချိန်မမီသည့်ဝါယာကြိုးများအား Insulated Wire ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းဆောင်ရွက်

 




MNP - မေ   ၂၄


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်လူနေမှုဘဝမြှင့်တင်စေရန်၊ လျှပ်စစ်မီးလင်းစေရန်နှင့် လျှပ်စစ်အန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍ ၂၀၂၂- ၂၀၂၃ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်မိန်းလမ်းမကြီးအတွင်းရှိ စံချိန်မမီသည့် ဝါယာကြိုးများအား အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါလုပ်ငန်းတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (၉.၅၀၀)သန်းဖြင့် စံချိန်မမီ(၄၀၀)ဗို့အားလိုင်း (၁၂၀၀)ပေအား Insulated Wireဖြင့် အစားထိုးလဲလှယ်ခြင်းကို သတ်မှတ်စံချိန် စံညွှန်းနှင့်အညီပြည့်မီရေးအတွက်တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခွင့်ပြုရန်ပုံငွေကျပ် (၄.၇၅၀)သန်းဖြင့် ရုံးကြီးလမ်းရှိ စံချိန်အမီ (၄၀၀) ဗို့အားလိုင်း(၈၀၀)ပေအား Insulated Wire ဖြင့် အစားထိုးလဲလှယ်ခြင်းနှင့် အမှတ်(၁)ရပ် ကွက် ဘုန်းကြီးကျောင်းလမ်းရှိ စံချိန်မမီ(၄၀၀)ဗို့အား လိုင်း(၆၀၀)ပေအား Insulated Wire ဖြင့် အစားထိုးလဲလှယ်ခြင်းကို ခွင့်ပြုရန်ပုံငွေကျပ်(၆.၄၅၀)သန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ဒေသနေပြည်သူများ ယခင်ကထက် လူနေမှုဘဝမြှင့်တင်ပြီး လျှပ်စစ်အန္တရာယ်မှ ကင်းဝေးသွားမည်ဖြစ်ကြောင်း မြို့လျှပ်စစ်ဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment