Pages

Pages

Investment Facilitation Toolkits 2022 မိတ်ဆက်ခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်းသည့် အသိပညာမျှဝေခြင်း ဆွေးနွေးပွဲကျင်းပ


MNP ၊ မေ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် Investment Facilitation Toolkits 2022 မိတ်ဆက်ခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်းသည့် အသိပညာမျှဝေခြင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် သမဝါယမအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာအချက်အလက်များ ဖလှယ်ခြင်း၊ အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်းဖြင့် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သမဝါယမ အသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မူဝါဒများဖြစ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံဥပဒေ၊ နည်းဥပဒေများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိနားလည်လာပြီး ဆက်စပ်ဆောင်ရွက်ကြရမည့် လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များတွင် ပိုမိုလွယ်ကူမြန်ဆန်စေပြီး အကျိုးရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ အသိပညာများ မျှဝေပေးခြင်းဖြင့် ဥပဒေလုပ်ထုံးလုပ်နည်း မသိ၍ မမှားသင့်သော အမှားမျိုးကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး ဥပဒေဘောင်အတွင်းမှ ဝန်ဆောင်မှု ပေးနိုင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution-DoSo) စနစ် သရုပ်ဖော်ဗီဒီယိုကို ပြသပြီး နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက Investment Facilitation Toolkits 2022 နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးများက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေနှင့် MyCO စနစ်တွင် ကုမ္ပဏီများ အချက်အလက်များ စိစစ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာစေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတို့အား သက်ဆိုင်ရာ Stakeholders များ ပိုမိုရင်းနှီး ကျွမ်းဝင်နားလည်စေရန်၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment