ဇလွန်မြို့၌ ပြည်သူများ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြစေရေး အသိပညာပေး Mask Campaign ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့၌ ပြည်သူများ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြစေရေး အသိပညာပေး Mask Campaign ဆောင်ရွက်

 


MNP - မေ   ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်၍ စနစ်တကျ သွားလာမှုရှိစေရေး အသိပညာပေးအနေဖြင့် Mask Campaign ကို ယနေ့ နံနက် ၇ နာရီအချိန်က မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့တွင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့တွင် သွားလာလျက်ရှိသော ခရီးသွားပြည်သူများ ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာမှုမရှိစေရေး အသိပညာပေးခြင်းနှင့် ပါစပ်နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသူများကို Mask (၆၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ သွားလာကြစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအားလုံး ပါဝင်ဆောင်ရွက်ပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)