MNP ၊ မေ ၁၆
သံတွဲမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးများအချိန်မှီစိုက်ပျိုးနိုင်စေရေးအတွက် သံတွဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၆ ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သံတွဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရှိရသည်။
ရှေးဦးစွာ သံတွဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မန်နေဂျာ ဦလှဝင်းက မိုးစပါး စိုက်ပျိုးစရိတ်ထုတ်ယူမည့် တောင်သူများအား ချေးငွေစာချုပ်ပါစည်းကမ်းချက်များနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှချေးယူငွေများအား သတ်မှတ်ကာလအတွင်း အပြေအကျေ ပြန်လည်ပေးဆပ်ကြရေး တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ၂၀၂၂ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာတွင် ၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ၊ ဆောင်းသီးနှံချေးငွေများနှင့် ၂၀၂၀ ခုနှစ်ကိုဗစ်ချေးငွေများအားအပြေအကျေ ပေးဆပ်ပြီးသည့် ကင်းမော်ကျေးရွာအုပ်စုရှိတောင်သူ (၁၀)ဦး၏စိုက်ပျိုးမြေ(၅၃)ဧကအတွက် တစ်ဧကလျှင် (၁၅၀၀၀ဝိ/-) နှုန်းဖြင့် ချေးငွေစုစုပေါင်း ( ၇၉၅၀၀၀ဝိ/-)ကျပ်(ခုနှစ်ဆယ့်ကိုးသိန်း ငါးသောင်းကျပ်)တိတိအား ပထမနေ့အဖြစ် စတင်ထုတ်ချေးပေးခဲ့ပြီး ကျန်ကျေးရွာအုပ်စုများရှိ ချေးငွေများအားလုံး အပြေအကျေ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများကိုလည်း အချိန်မီဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - သန့်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment