ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးရေး Mobile Team ဖြင့် ကျေးရွာများအရောက် ဆက်လက် ထိုးနှံ ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးရေး Mobile Team ဖြင့် ကျေးရွာများအရောက် ဆက်လက် ထိုးနှံ ပေးလျက်ရှိ





MNP ၊ မေ  ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်အသက်(၁၈)နှစ်နှင့် အထက် ကာကွယ်ဆေး ဆေးထိုးရန် အကျုံးဝင်သူအားလုံးအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများသည် မေလ(၂၃)ရက်နေ့က ဒိုးတန်းကျေးရွာ၊ ရတနာမြိုင်ကျေးရွာနှင့် ရွှေဦးကွင်းကျေးရွာတို့တွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ Mobile Teamဖြင့် ကွင်းဆင်း၍  ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက် ပေးရာတွင် Phase-10(covaxin) ပထမအကြိမ်ထိုးနှံရာတွင် အခြားဝင်ငွေရ(၈)ဦး၊ အခြား/မိသားစု/မှီခို(၄၅)ဦး၊ စုစုပေါင်း(၅၃)ဦး၊ Phase-8နှင့် Phase-9(Covaxin) ဒုတိယအကြိမ် ထိုးနှံရာတွင်  Supermarket/ ဈေး(၁)ဦး၊ အခြားဝင်ငွေရ(၁၆၈)ဦး၊ အခြား/မိသားစု/မှီခို(၈၀)ဦး၊ စုစုပေါင်း(၂၄၉)ဦးနှင့် Phase(0/1/2/3) covidshield တတိယအကြိမ်တွင် နိုင်ငံ့ဝန်ထမ်း/မိသားစု(၁၂)ဦး၊ အခြား/မိသားစု/မှီခို(၃၂၁)ဦး၊ စုစုပေါင်း(၃၃၃)ဦးတို့က စုရပ်များသို့ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)