MNP - မေ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး ရာခိုင်နှုန်းပြည့် လွမ်းခြုံမှုရှိစေရန် Mobile အစီအစဉ်ဖြင့် လေးထောင့်ကန်ကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က အသက်(၁၅)နှစ်မှ (၁၈) အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထအကြိမ် Sinovac ထိုးနှံသူ(၂၄)ဦး၊ အသက် (၁၈) အထက် ကိုဗစ်ရောဂါကာကွယ်ဆေး ပထမ အကြိမ် Covishieldထိုးနှံသူ (၄၉) ဦး၊ ဒုတိယအကြိမ်(covishield) ထိုးနှံသူ (၁၃၈) ဦး၊ sinopharm ပထမအကြိမ်နှင့် ဒုတိယအကြိမ်(၅)ဦး စုစုပေါင်း (၂၁၆)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူ၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရပါသည်။
သတင်း - ဝင်းအိမွန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment