ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေးထိုးနှံပေး

 



MNP - မေ  ၂၃


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ပြီးဖြစ်သော်လည်း ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်ကစတင်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။


ထိုသို့စစ်ဆေးရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပြီး/မပြီးနှင့် ဆေးထိုးပြီးကြောင်းသက်သေခံလက်မှတ်များ ရှိ/မရှိတို့ကိုစစ်ဆေး ဆောင်ရွက်လျက်ရှိကြရာ ကာကွယ်ဆေးမထိုးနှံရသေးသည့်ပြည်သူများအား မြို့အဝင်အထွက်ဂိတ်တွင် ချက်ခြင်းထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ၌မကျန်ရှိစေရေး မြို့နယ်အတွင်းရှိပြည်သူများကိုစည်းရုံးပြီး ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး စစ်ဆေးကြီးကြပ်ထိုးနှံပေးလျက်ရှိကြောင်းသိရကာ ညောင်ဦးလေဆိပ်လမ်းဆုံ၊ ညောင်ဦး-ချောက်သွားကားလမ်းလောကနန္ဒာဥယျာဉ်ဂိတ်၊ ညောင်ဦး-မြင်းခြံလက်ပံခြေပေါ်ဂိတ်၊ မဏိစည်သူဈေးနှင့် ဘုဉ်းစဉ်အခွန်လွတ်ဈေးနေရာများတွင် Mobile ပူးပေါင်းအဖွဲ့က စစ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။                            


သတင်း - ကိုထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)