Pages

Pages

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် Mobile ဈေးကားနှင့် သားငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး

 


MNP - မေ  ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတိရစ္ဆာန် ဆေးကုသရေးနှင့် သားသတ်ရုံများဌာန၊ ဈေးများဌာနနှင့် သန့်ရှင်းရေဌာနတို့မှ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းကအမှတ် (၃၀) ရပ်ကွက်၊ ဆောင်းဟေမန် အိမ်ရာတွင် တိရစ္ဆာန်ဆေးကုသရေးနှင့် သားသတ်ရုံများဌာနမှ ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများ ကိုလည်းကောင်း၊ ဈေးများဌာနမှ ရေထွက်ပစ္စည်းငါးနှင့် ပုဇွန်များကိုလည်ကောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှကုန်စိမ်းနှင့် ကုန်ခြောက်အမျိုးမျိုးကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကြက်တစ်ပိသာလျှင် (၅၀၀၀) ကျပ်၊ အမဲသားတစ်ပိသာ (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိသာ (၁၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိသာ (၂၀၀၀၀) ကျပ်၊ ကြက်ဥ(၁၀)လုံးပါတစ်ကဒ် (၁၃၀၀) ကျပ်၊ ဆန်ချော (၅) ပြည်ပါတစ်အိတ် (၈၅၀၀) ကျပ်၊ ဆန်ကြမ်း (၅) ပြည်ပါ တစ်အိတ် (၅၀၀၀) ကျပ်၊ ဆီ (၅၀) ကျပ်သား တစ်ဘူး (၁၈၅၀) ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဈေးရောင်းချရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့များမှ ပူးပေါင်း၍ပြည်သူများ အဆင်ပြေဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


သတင်း - မြင့်မြင့်ရီ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment