ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၁၅၁ ဦး ဆက်လက်ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၁၅၁ ဦး ဆက်လက်ထွက်ခွာ

 



MNP - မေ    ၁၉


ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများအား စေလွှတ်ရေးလုပ်ငန်းစဉ်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှုကြောင့် ၂၀၂ဝ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့မှစတင်ပြီး ၂ နှစ်ကျော်ရပ်နားထားခဲ့ရာမှ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှစတင် ဆောင်ရွက်နိုင်ခဲ့ရာ ယနေ့နံနက် ၉ နာရီက မြန်မာအလုပ်သမား ၁၅၁ ဦး ဆက်လက်ထွက်ခွာကြောင်း သိရသည်။


ထိုကဲ့သို့ MOU စနစ်ဖြင့် စေလွှတ်ရာမှာ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သွားရောက်ကြမည့် မြန်မာအလုပ်သမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲမင်းသူ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင် ဗိုလ်မှူးဇေယျာထွန်းနှင့် ဦးအောင်မင်းစိုး၊ အမှတ်(၂)ချစ်ကြည်ရေးတံတားတာဝန်ကျ လူဝင်မှုကြီးကြပ်ရေး (ဒုတိယဌာနခွဲမှူးရုံး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ခိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် မြဝတီရွှေ့ပြောင်းလုပ်သားရုံး၊ မြဝတီကျောက်လုံးကြီးစခန်းမှ စခန်းတာဝန်ခံအရာရှိ ဦးသန်းထိုက်နှင့်တာဝန်ရှိသူများက မြန်မာအလုပ်သမားများအား လိုအပ်သည့်စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ ထိုင်းနိုင်ငံသို့ သွားရောက်စဉ် လိုက်နာရှောင်ကျဉ်ရမည့်အချက်များ၊ အခက်အခဲများဖြစ်ပေါ်ပါက ဆက်သွယ်ဖြေရှင်းရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားသည်။


ယခုကဲ့သို့ MOU စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများမှာ ရန်ကုန်အခြေစိုက် LMK ကုမ္မဏီဖြင့် ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ အီလက်ထရောနစ် စက်ရုံနှင့် ဆလာပူလီမြို့ရှိ ပလတ်စတစ်စက်ရုံတို့တွင် သွားရောက်လုပ်ကိုင်ကြရမည်ဖြစ်ပြီး အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၂၈ ဦး စုစုပေါင်း ၁၅၁ ဦး ရှိကြောင်း သိရသည်။


သတင်း - ထိန်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)