Pages

Pages

ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပထမအသုတ်ထွက်ခွာ







MNP - မေ   ၂၄


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ် သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယနေ့နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား (၃၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ပထမအသုတ်ထွက်ခွာသွားကြောင်း သိရသည်။


အဆိုပါ မြန်မာအလုပ်သမားအမျိုးသား(၂၀)ဦး၊အမျိုးသမီး(၁၀)ဦးအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီတစ်ခုဖြစ်သည့် Pwint Phoo Aung Co,Ltd မှ ထိုင်းနိုင်ငံရှိ G and A Thaifruits Co,Ltd သို့ (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့လေကြောင်းခရီးစဉ်ဖြင့်ခေါ်ယူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကော့သောင်းအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတဆင့် ရေလမ်းခရီးဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ရာ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ် သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိအဖွဲ့အစည်းများကလို့အပ်သည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြသည်။


အခုလို နိုင်ငံတော်အနေနဲ့ ပြည်ပမှာတရားဝင်သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့စီစဉ်ပေးတာ အလွန်ကိုအဆင်ပြေပါတယ်၊ တချို့တွေက တရားမဝင်လမ်းကြောင်းတွေကတဆင့် သွားရောက်ကြတော့ မလိုလားအပ်တဲ့ အခက်အခဲမျိုးစုံကိုကြုံတွေ့ကြရပါတယ်၊ ဖြစ်နိုင်ရင် ကျနော်တို့လို တရားဝင်လမ်းကြောင်းက သွားရောက်ကြပါလို့အကြံပေးခြင်ပါတယ်ဟု သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။


အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် သားရောက်အလုပ်လုပ်ကိုင်ရန် သက်ဆိုင် ရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီ အသီးသီး၏ အစီအစဉ်ဖြင့် မြန်မာအလုပ်သမားများ အစုအဖွဲ့အလိုက် ထိုင်းနိုင်ငံသို့ထပ်မံ ထွက်ခွာရန် အစီအစဉ်များရှိကြောင်းလည်းသိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment