ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ဒုတိယအသုတ်ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ဒုတိယအသုတ်ထွက်ခွာ






MNP - မေ   ၂၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ် သမားများစေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့ညနေပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား(၁၉၃)ဦးထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ဒုတိယအသုတ်ထွက်ခွာသွားကြောင်း သိရသည်။


ထွက်ခွာသွားသည့် အလုပ်သမားများအနက် မြန်မာနိုင်ငံ၏ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီများဖြစ်သည့် Lovely world Co,Ltd မှ ထိုင်းနိုင်ငံရှိ Unique Engineering and Construction Public Co,Ltd သို့မြန်မာအလုပ်သမား(၁၀၀)ဦး၊ Superior World Co,Ltd မှ ထိုင်းနိုင်ငံရှိ  Nawarat Patanakam Public Co,Ltd သို့ မြန်မာအလုပ်သမား(၉၃)ဦး စုစုပေါင်းအလုပ်သမား(၁၉၃)ဦးအား(၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန်အသီးသီးတာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ပြီးယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့်ခေါ်ယူခဲ့ကာ  သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့် တာဝန်ရှိအဖွဲ့အစည်းများက လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါနေ့ညနေပိုင်းတွင် ကော့သောင်းအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ရေလမ်းခရီးမှတဆင့်  Speed Boat (၃)စီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရသည်။  


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)