ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့နယ်၌ ရွှံ့ကဏန်း(Mud Crab) မျိုးစိုက်ထည့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့နယ်၌ ရွှံ့ကဏန်း(Mud Crab) မျိုးစိုက်ထည့်ပွဲ အခမ်းအနားတက်ရောက်





MNP - မေ  ၂၁


ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ရွှံ့ကဏန်း(Mud Crab) မျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာအနီး ကြွီတဲချောင်းနံဘေးတွင်ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်ဦးက ရွှံ့ကဏန်းမျိုးစိုက်ထည့်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် မျိုးစိုက်ထည့်မည့် ရွှံ့ကဏန်းမျိုးများကို ကြည့်ရှုကြပြီး ရွှံ့ကဏန်းကောင်ရေ ၅၀၀၀ အား ကြွီတဲချောင်း သဘာဝရေပြင်သို့ စိုက်ထည့်ပေးကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေချမ်းပြင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော မြန်မာ-ထိုင်း နှစ်နိုင်ငံနည်းပညာပူးပေါင်းဆောင်ရွက်သည့် ရေငန်ပုဇွန်နှင့်ရွှံ့ကဏန်းမွေးမြူရေး ဗဟိုသရုပ်ပြစခန်းသို့ သွားရောက်ကြည့်ရှုကြရာ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)