NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ကလေးမြို့ အမှတ်(၈) အခြေခံပညာထက်တန်းကျောင်းအား မီးရှို့ ဖျက်ဆီးမှုအပါအဝင် အကြမ်းဖက်လှုပ်ရှားမှု သတင်းများနှင့် အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ချက်များ (စုစည်းတင်ပြမှု) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ကလေးမြို့ အမှတ်(၈) အခြေခံပညာထက်တန်းကျောင်းအား မီးရှို့ ဖျက်ဆီးမှုအပါအဝင် အကြမ်းဖက်လှုပ်ရှားမှု သတင်းများနှင့် အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ချက်များ (စုစည်းတင်ပြမှု)



MNP ၊ မေ ၂၉

ယနေ့ နံနက် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြိုရပ်ကွက်၊ မြို့ပတ်လမ်းရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းအား NLD အစွန်းရောက် PDF  အကြမ်းဖက်များက မီးရှိဖျက်ဆီးခဲ့ရာ ပျဉ်ထောင် ၂ ထပ် ကျောင်းဆောင် မီးလောင်ပြာကျ၊ RC ၂ ထပ်(ခရေဆောင်)မှာ အပေါ်ထပ် မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ပညာသင်ကြားရေးကို ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။


ယမန်နေ့က နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်ကိုင်းဒေသကြီး၊ ကျွန်းလှမြိုနယ်၊ ငါးပတ်အိုင ကျေးရွာ၊ ငါးပတ်အိုင်ဆိပ်ကမ်း၌ လုံခြုံရေးအဖွဲများမှ တာဝန်ထမ်းဆောင်နေစဉ် PDF အကြမ်းဖက်အဖွဲဝင် မျိုးထွန်း ဆိုသူအား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုနယ်၊ မြောင်းဆုံကျေးရွာအနောက်ဘက်၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် PDF Kalay တပ်ရင်း(၆) အကြမ်းဖက်စခန်းအား တွေ့ရှိရှင်းလင်းခဲ့ရာ အကြမ်းဖက်များထွက်ပြေးတိမ်း ရှောင်သွားပြီး PDF အကြမ်းဖက်များ ခိုအောင်းနေထိုင်ခဲ့သည့် စခန်းအားသိမ်းပိုက်ရရှိခဲ့ ကြောင်းသိရသည်။


ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ စက်တောကုန်းကျေးရွာနေ ဦးသိန်းသန်းကျော်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမားများသည် ဆိုင်ကယ် ၈ စီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွား၍ နန့်သဲကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး၌ သတ်ဖြတ်သွားကြောင်း သိရသည်။


ယမန်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာ နေ ဦးမြဝင်း (၆၁)နှစ်သည် ရွှေဘိုမြို့မှ ဈေးဝယ်ပြီးပြန်လာရာ မင်းဘေးကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများမှ ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့်လုပ်ကြံသတ် ဖြတ်သွားကြောင်း သိရသည်။


ယမန်နေ့ နံနက် ၉ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ တောင်အို ကျေးရွာနေ ဦးကျော်ဦးသည် ၎င်းပိုင်ဆိုင်သည့် “ရွှေအိုစားသောက်ဆိုင်”၌ ရှိနေစဉ် PDF အကြမ်းဖက်သမားများမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်သွား ကြောင်းသိရသည်။


ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခင်မူဂျောင်ကျေးရွာ အနောက်ဘက်(ဖလမ်းမြိုနယ်နှင့် ကလေးမြိုနယ်အစပ်)၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် PDF Kalay တပ်ရင်း(၂) အကြမ်းဖက်စခန်းအားတွေ့ရှိရှင်းလင်းခဲ့ရာ အကြမ်းဖက်များထွက်ပြေးတိမ်း ရှောင်သွားပြီး PDF အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ခဲ့သည့် စခန်းအားသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပဲတောင်ကျေးရွာအနီး၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းနေစဉ် အမျိုးသား ၂ ဦးအား စစ်ဆေး ရန်ခေါ်ယူစဉ် လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာဖြင့် ကျား ၂ လောင်းနှင့်အတူ လက်လုပ်သေနတ် ၁ လက်အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြောင်းဆုံ ကျေးရွာအနောက်တောင်ဘက်၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်များ ထံမှ  ကျား ၂ လောင်း၊ -အေကေသေနတ် ၁ လက်/ကျည်အိမ် ၁ ခု၊ -လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၇၇ လုံး၊ မိုင်းပြုလုပ်သည့် သံပိုက် ၁၁ ချောင်း၊ ဂတ်စ်သေနတ် ၁ လက်၊ ယမ်းပျော့ ၈ ချောင်း၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ ဆိုင်ကယ် ၇ စီး၊ ဒီဇယ်ပေပါ ၇ လုံး၊ မီးစက် ၁ လုံး၊ ပွိင့် ၃၀၆ စနိုင်ပါကျည် ၄ တောင့် တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့ရှောင်လမ်း၌ လုံခြုံရေးအဖွဲများမှ တာဝန်ထမ်းဆောင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ဘန်နယ်ဘိ(ခ)အေးမောင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။


ယမန်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တောင်ရပ်ကွက်၊ အေးရိပ်ခိုရပ်ရှိ ချင်းတွင်းမြစ်ကမ်းတာဘောင်ပေါ်၌ လုံခြုံရေးအဖွဲ့များမှ ရှောင်တခင် စစ်ဆေးစဉ် ၆ ဘီးယာဉ် ၇ စီးဖြင့်တင်ဆောင်ထားသော တရားမဝင်ချက်ဆီ(ဒီဇယ်) ၂၄၂ လုံး၊ ဓာတ်ဆီ ၂၄ လုံးတို့နှင့်အတူ တရားခံ ယာဉ်မောင်း/ယာဉ်နောက်လိုက် ၁၅ ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


ယနေ့ နေ့လယ် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်တွင် ရောက်ရှိနေသော Tamu PDF တပ်ရင်း(၂)မှ အကြမ်းဖက် အဖွဲ့ဝင် ခန့်ကျော်လင်းနှင့် ကလေးမြို၊ မြိုသာရပ်ကွက်တွင် ရောက်ရှိနေသော Kalay PDF တပ်ရင်း(၃)မှအကြမ်းဖက်အဖွဲ့ဝင် ဇေယျာအောင်တို့အား သတင်းအရ လုံခြုံရေးအဖွဲ့ဝင် များမှ  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒသေကြီးအတွင်း အပြစ်မဲ့ အရပ်သား ရဟန်းရှင်လူပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေကြဆဲဖြစ်သည့်အပြင် မျိုးဆက်သစ်လူငယ်များ၏ ပညာသင်ကြားရေးကို အနှောက်အယှက်ဖြစ်စေရန် စာသင်ကျောင်းများကို ဖျက်ဆီးခြင်းကဲ့သို့သော အကြမ်းဖက်မှုများကို ကျူးလွန်နေကြဆဲဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)