စစ်ကိုင်းမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သာသနာ့ အနွယ်ဝင် သံဃာတော် ၁ ပါးအား သေနတ်ဖြင့် ပစ်ခတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သာသနာ့ အနွယ်ဝင် သံဃာတော် ၁ ပါးအား သေနတ်ဖြင့် ပစ်ခတ်


MNP ၊ မေလ ၁၉

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး များ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည် ကို တွေ့ရှိရပါသည်။


ထိုသို့ ပြုလုပ်လျက်ရှိရာတွင် မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရွာစိုက်ရပ်ကွက်ရှိ မစိုးရိမ်ကျောင်းတိုက်၌ သံဃာတော် ၁ ပါးအား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းတိုက်သို့ PNLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ရှင်တေဇနိယ(ခ)ကိုရင်ကြီး(ခ)ဦးတင်ဝင်း(၅၃)နှစ် (ဘ)ဦးဘလှော်အား သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ရှင်တေဇနိယ(ခ)ကိုရင်ကြီးတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်များမှ သာသနာ့အနွယ်ဝင် သံဃာတော်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


၁၄ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က NLDအစွန်းရောက် PDF အကြမ်းဖက်သမားများက သံဃာတော်များကို ပစ်မှတ်ထား သတ်ဖြတ်မှုများ ကျူးလွန်နေသည့်အပေါ် သတင်းသမားများ၏ အမြင်ကိုမေးမြန်းရာ မြန်မာနေရှင်နယ်ပို့စ် က "ကျွန်တော်တို့အနေဖြင့် သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှစ၍ ခိုးဝင်ဘင်္ဂလီများ၏ အကြမ်းဖက်မှုများကို အခြေခံ၍ အစဉ်တစိုက်လေ့လာခဲ့ပါကြောင်း၊ ကျွန်တော်တို့ တိုင်းပြည်သည် ဒီမိုကရေစီအပြောင်းအလဲနှင့်အတူ အကြမ်းဖက်အန္တရာယ်များ ဒွန်တွဲပါလာသည်ဟု ရှုမြင်ပါကြောင်း၊ အတိုချုံး၍ ဆိုရပါမူ ကျွန်တော်တို့ လေ့လာစုစည်း၍ အကြမ်းဖက်မှုတို့ မြစ်ဖျားခံရာ စာအုပ်ကို တရားဝင်ထုတ်ဝေခဲ့ပါကြောင်း၊ ပြန်ကြားရေးတွင်ရှိပါကြောင်း၊ NLD အစွန်းရောက် PDFအကြမ်းဖက်သမားများ၏ လုပ်ရပ်များသည် ဘာသာရေးဂျီဟာဒ် ကို ဖော်ဆောင်နေခြင်းဖြစ်သည်ကို ဝန်ကြီးအား တင်ပြလိုပါကြောင်း" ပြောကြားခဲ့သည်။

ပြန်ကြားရေးဒုဝန်ကြီးအနေဖြင့် NLDအစွန်းရောက်အကြမ်းဖက်လှုံ့ဆော်သူ ပန်ဆယ်လိုက မွတ်စလင်များထံမှ အလှူခံနေသည့် မှတ်တမ်း ဓာတ်ပုံကို၁၃ ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင် ဖော်ထုတ်ပြသခဲ့ပြီး ၁၄ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗုဒ္ဓဘာသာ ဘုရားစေတီများပေါ်မှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒရုန်းဖြင့် ပစ်ခတ် တိုက်ခိုက်သည့် ရုပ်သံများကိုဖော်ထုတ် ပြသခဲ့သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)