ရေစကြိုမြို့နယ်အတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဇယမကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ရက်စက်စွာသတ်ဖြတ်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးနှင့် အလှူငွေကျပ်သိန်း ၂၀ တို့ကို လုယက်ယူဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်အတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဇယမကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ရက်စက်စွာသတ်ဖြတ်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးနှင့် အလှူငွေကျပ်သိန်း ၂၀ တို့ကို လုယက်ယူဆောင်


နေပြည်တော်၊ မေ ၂၈

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မေလ ၂၇ ရက်မွန်းလွဲပိုင်းတွင် ဇယမကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့အား ရက်စက်စွာသတ်ဖြတ်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ် တစ်စီးနှင့် အလှူငွေကျပ်သိန်း ၂၀ တို့ကို လုယက်ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ ဇယမကျေးရွာ အတွင်းသို့ NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၃၀ ဦးခန့်က မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာပြီး အဆိုပါကျေးရွာနေ ဦးဇော်ဝေ(၄၀)နှစ် (ဘ)ဦးအေးကြူနှင့် ၎င်း၏ဇနီး ဒေါ်သင်းသင်းနွယ် (၄၀)နှစ် (ဘ)ဦးဖိုးရွှေတို့ ၂ ဦးအား ၎င်းတို့၏နေအိမ်အတွင်း၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့နောက် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ကျေးရွာဘုန်းကြီးကျောင်း အတွင်းသို့ ဝင်ရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သောမာလေက သက်တော် (၆၁)နှစ် ဝါတော်(၄၁)ဝါ၊ (ဘ)ဦးပေါက်တူးအား သေနတ်ဖြင့်ထပ်မံပစ်ခတ်သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်း အတွင်းထားရှိသည့် အလှူငွေကျပ်သိန်း ၂၀၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျောင်းပိုင် မော်တော်ယာဉ် တစ်စီးတို့ကို လုယက်ယူဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ဘုန်းတော်ကြီးများ၊ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်၍ လုယက်မှုများ ကျူးလွန်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)