NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လှုပ်ရှားမှုများ နှင့် အကြမ်းဖက်နှိမ်နင်းရေး (စုစည်းဖော်ပြမှု) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လှုပ်ရှားမှုများ နှင့် အကြမ်းဖက်နှိမ်နင်းရေး (စုစည်းဖော်ပြမှု)







MNP ၊ မေ ၂၈

ယနေ့နံနက် ၅ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြိုနယ်၊ နားထောင့်ကျကျေးရွာအား PDF အကြမ်းဖက်များမှ လက်နက်ငယ်၊ လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် ကျေးရွာလုံခြုံရေး ပြည်သူ့စစ်အဖွဲ့များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ လုံခြုံရေးအဖွဲများထိခိုက်မှုမရှိဘဲ NLD အစွန်းရောက် PDF အကြမ်းဖက်များထံမှ ကျား ၂ လောင်း၊ တရုတ်လက်ပစ်ဗုံး ၁လုံး၊ အမ်-၂၂ ကျည်အိမ် ၃ ခု/ ကျည် ၁၇ တောင့်နှင့် လမ်း လျှောက်စကားပြောစက် ၁ လုံးတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါသည်။


ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ ဇယမကျေးရွာရှိ မြောက်ကျောင်း၌ သီတင်းသုံးလျက်ရှိသော ကျောင်းထိုင်ဆရာတော် ဥူးသောမာလောက သက်တော် ၆၁ နှစ်၊ ဝါတော် ၄၁ ဝါအား PDF အကြမ်းဖက်များ ၃၀ခန့်က လက်လုပ်သေနတ်များ ကိုင်ဆောင်၍ရောက်ရှိလာပြီး သတ်ဖြတ်သွားကြောင်းနှင့် ဆရာတော်အား ကြည်ညိုသည့် ဒါယကာ၊ ဒါယိကာမများမှ သာသနာပြုရန်လှူဒါန်းထားသော ဝတ္ထုငွေ သိန်း ၂၀ ကျပ်ခန့်၊ ဖုန်း ၁ လုံးနှင့် ကျောင်းတိုက်ပိုင် ယာဉ် ၁ စီးအား ယူဆောင်သွားကြောင်း သိရသည်။


ယမန်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေရှင်း လင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲများသည် ဘုတလင်မြိုနယ်၊ သပြေပင်ကျေးရွာအနီးတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး NLD အစွန်းရောက် PDF အကြမ်းဖက်သမားများထံမှ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ် စိန်ပြောင်းဗုံးသီး ၃ လုံး၊ လက်လုပ် မိုင်း ၉ လုံးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေရှင်းလင်း ရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲများသည် ဖောင်းပြင်မြိုနယ်၊ နောင်မိုး ကျေးရွာအနီးရှိ NLD အစွန်းရောက် PDF အကြမ်းဖက် စခန်းတစ်ခုအား ဝင်ရောက်ရှင်းလင်းရာ ကျားအလောင်း ၁ လောင်း၊ တူမီးသေနတ် ၂ လက်၊ အေကေကျည်အိမ် ၂ ခု၊ ၇.၆၂ ကျည် ၈၂ တောင့်၊ အေကေကျည် ၆၆ တောင့်၊ ၆၀ မမဗုံးသီး ၁ လုံး၊ ၄၀ မမဗုံးသီး ၂ လုံး၊ တရုတ်လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ် ရှေ့ထွက်မိုင်း ၂ လုံး၊ ပြောက်ကျားကျည်ကာဦးထုပ် ၁ လုံး၊ သုံးဘီးဆိုင်ကယ် ၁ စီးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြိုနယ်၊ တွန်းပင်ကျေးရွာနေ ဦးဇော်မင်းထွန်း(“သီဟသန့်ဟိန်း” သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ကျောက်မီးသွေး ထုတ်လုပ်ရေးတာဝန်ခံ) သည် နေအိမ်၌ရှိနေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် လက်လုပ်သေနတ်များကိုင်ဆောင်၍ ရောက်ရှိလာပြီး ဦးဇော်မင်းထွန်း အား ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်သွားကြောင်း သိရသည်။


ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြိုနယ်၊ မင်းတိုင်ပင်ကျေးရွာအနီး၌ လုံခြုံရေးအဖွဲများမှ တာဝန်ထမ်းဆောင်နေစဉ် အမျိုးသား ၂ ဦးအား ဆိုင်ကယ်စီးနင်းလာသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးရန်ခေါ်ယူစဉ် လာရောက်ခြင်း မရှိဘဲ ထွက်ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ ထွက်ပြေးရန် ကြိုးစားသူ နှစ်ဦးသည် အကြမ်းဖက်သမားများဖြစ်နေပြီး ၎င်းတို့ထံမှ လက်လုပ်သေနတ် ၅ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ ပြုလုပ်ဆဲလက်လုပ်မိုင်း ၄ လုံး၊ icon ၂ လုံး၊ ဆိုင်ကယ် ၁ စီး၊ ဝါယာကြိုး ၁ ခွေ၊ ယမ်းမှုန့် ၁  ထုပ်၊ ပြောက်ကျားဦးထုပ်(PDF တံဆိပ်ပါ) ၁  လုံး၊ ပြောက်ကျားလည်တို ဖိနပ် ၅  ရံ၊ လက်မောင်းဘက်(PDF တံဆိပ်ပါ) ၂၁  စုံတိုအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။


ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ထန်းတောကျေးရွာ၏ မြောက်ဘက်၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းနေစဉ် အမျိုးသား ၂ ဦးအား တွေ့ရှိခဲ့သဖြင့် ရပ်တန့်ရန်ပြောကြားခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ နောက်ပြန်လှည့်ထွက်ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများဖြင့် ကျား ၂ လောင်းနှင့်အတူ လက်လုပ်မိုင်း ၂ လုံး၊ ပွိင့်-၂၂ ကျည် ၃ တောင့်တိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ ဆားတောင်မြိုနယ်ခွဲ၊ မင်းရွာကျေးရွာနေ ဦးကျော်ဇင်ဦး ဆိတ်ကျောင်းရန် နေအိမ်မှ ထွက်ခွာလာစဉ် မင်းရွာကျေးရွာ၏အရှေ့ဘက်၌ ဆိတ်များကျောင်းနေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ လက်လုပ်သေနတ်များဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။


ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ စက်မှုဇုန်(၂) ရပ်ကွက်၊ ဗိုလ်တေဇလမ်း(၂၂) နှင့် (၂၃)လမ်းကြားရှိ လူနေထိုင်ခြင်းမရှိသော မြင်းသုံးကောင်ခြံဝန်းအတွင်းရှိ မြေစိုက်အာစီ ၁ ထပ်တိုက်၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်း ၁ လောင်းအား ရပ်ကွက်နေပြည်သူများမှ တွေ့ရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြိုနယ်၊ ညောင်ပင်သာကျေးရွာရှိ စစ်ဆေးရေးဂိတ်၌ လုံခြုံရေးအဖွဲများမှ တာဝန်ထမ်းဆောင်နေစဉ် Online ပေါ်မှတစ်ဆင့် ခင်မင်ရင်းနှီးသူများထံတွင် ငွေကြေးကောက်ခံ၍ NLD အစွန်းရောက် PDF အကြမ်းဖက် အဖွဲ့ထံသိုထောက်ပံ့ပေးနေသူ မျိုးမင်းသူ လျှပ်စစ်ကုန်းရပ်၊ နောင်ပကျစ်ရပ်ကွက်၊ ဟုမ္မလင်းမြိုနေသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ယမန်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြိုနယ်၊ ဘိုရုံ ကျေးရွာ၏တောင်ဘက်၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်များ နှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲများထိခိုက်မှုမရှိဘဲ အကြမ်းဖက်များထံမှ လက်လုပ် သေနတ်(အရှည်) ၃ လက်၊ ၁၂ ဗိုကျည် ၁၀ တောင့်၊ ဆေးမျိုးစုံဆာလာအိတ် ၃ အိတ်၊ ဆိုင်ကယ်၄ စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့နယ်၊ ဇီးတော ကျေးရွာနေ ဦးစန်းမိုးသည် ရွှေဘိုမြို့မဈေး၌ဈေးရောင်းပြီး ဇီးတောကျေးရွာသို့ ပြန်လာစဉ် ကျေးရွာအဝင် တံတားအနီးသိုအရောက်၌ NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၂ ဦးသည် ဆိုင်ကယ်ဖြင့် နောက်မှလိုက်ပါလာပြီး ဒလန်ဟုစွပ်စွဲကာ လက်လုပ်သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။


ယမန်နေ့ ညနေ ၆ နာရီခန့်တွင်မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ ဇယမကျေးရွာ နေ ဦးဇော်ဝေနှင့် ဇနီးဖြစ်သူ ဒေါ်နွယ်တို(၂)ဦး သည်နေအိမ်၌ ရှိနေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။


ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ထီးတော်တင်ကျေးရွာနေ ဦးကျောက်ခဲသည် မရီးဖြစ်သူနေထိုင်သည့် ကံဆွယ်ကျေးရွာရှိ နေအိမ်သို့ သွားရောက်နေထိုင်စဉ်NLD အစွန်းရောက် PDF အကြမ်းဖက်သမားများမှ ရောက်ရှိလာပြီး ဒလန်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး မူးမြောင်းတာဘောင်ဘေး၌ သတ်ဖြတ်သွားကြောင်း သိရသည်။


ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုနယ်၊ အမှတ်(၃) ရပ်ကွက်နေ PDF အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲဆိုခြင်းခံရသည့် တရားခံ တင်သောင်း ၏ နေအိမ်အား နိုင်ငံတော်ပိုင်ချိပ်ပိတ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။


ယနေ့နံနက် ၁ နာရီခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်သူတို့၏ရင်သွေးငယ်များ ကျောင်းအပ်နှံခြင်းအား မပြုလုပ်စေရန်အတွက် NLD အစွန်းရောက် CDF အကြမ်းဖက်သမားများမှ ကျောင်းနံရံ နှင့် ကျောင်းရှေ့ရှိ ကွန်ကရစ်လမ်းပေါ်တွင် ဆေးအနီရောင်ဖြင့် ခြိမ်းခြောက်သည့်စာသားများရေးသား၍ ကျောင်းအတွင်းဖျက်ဆီးမှုများ လုပ်ဆောင်သွားကြောင်း သိရသည်။



မနေ့က  နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ နတ်လူထိပ်ပန် ရပ်ကွက်ရှိ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများနှင့် ဆက်နွယ်သူများဖြစ်သည့် တော်ဝင်ကျောက်စိမ်းဟိုတယ်ပိုင်ရှင် အေးအေးခိုင် အပါအဝင်(၅)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


NLD အစွန်းရောက် PDF , CDF အကြမ်းဖက်အဖွဲ့မျိုးစုံသည် ၎င်းတို့အားပေးထောက်ခံသည့် ပါတီကို အားပေးဝန်ရံခြင်း မရှိသည့် ရဟန်းရှင်လူပြည်သူများအး ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ သံဃာတော် ၄၈ ပါးအထိ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၂၆၀၀ ဝန်းကျင်အထိ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)