NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်




ရက်စွဲ။  ။ ၃၁ - ၅ - ၂၀၂၂

မဲလိမ်မဲခိုးမှုများကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးအပ်ထားသော တာဝန်အရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးနောက်ပိုင်း NLD ပါတီဦးဆောင်သူများနှင့် ၎င်းတို့အပေါင်းအပါ နိုင်ငံရေးလုပ်စားသူများသည် အများပြည်သူကို မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်၍ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခဲ့ကြပါသည်။ တပ်မတော်က ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို ဖွဲ့စည်းပြီး ဆောင်ရွက်သည့် နေ့မှစ၍ ယနေ့တိုင်အောင် ၁နှစ်နှင့် ၄လတာ ကာလအတွင်း NLD ပါတီဦးဆောင်သူများနှင့် ၎င်းတို့၏ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားသည့် ပြည်ပသြဇာခံ လက်ပါးစေ အကြမ်းဖက်အဖွဲ့များသည် နေ့စဉ်နှင့်အမျှ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများဖြင့် အများပြည်သူတို့၏ နေ့စဉ် လူမှုစီးပွားဘဝများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေသည့်ကာလ ၂၆-၅-၂၀၂၂ ရက်နေ့မှ ၁-၆-၂၀၂၂ နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိပြီး ပညာရေးဆိုင်ရာ လုပ်ဆောင်ရန် ရှိသည့် ကိစ္စများကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ ထိုကာလအတွင်း NLD အစွန်းရောက်များသည် ကျောင်းသားကျောင်းသူများ အသုံးပြုရန် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လုယူထွက်ပြေးခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် ကျောင်းဆောင်များကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းခွဲဖျက်ဆီးခြင်းကဲ့သို့သော လူမဆန်သည့် အကြမ်းဖက်မှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။

အဆိုးဆုံးအခြေအနေတစ်ရပ်အဖြစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ကျောင်းအပ်လက်ခံနေသည့် ကျောင်းအုပ်ဆရာကြီးကို NLD အစွန်းရောက် အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ယနေ့အထိ သေသည်/ ရှင်သည် မသိရသေးပါ။ ယနေ့ ၃၁-၅-၂၀၂၂ ရက်နေ့ နောင်ချိုမြို့ ပညာရေးမှူးရုံးတွင် အစည်းအဝေးကျင်းပနေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံးခဲ့ရပြီး ကျောင်းအုပ်ဆရာကြီး ၃ဦး၊ ဆရာ/ဆရာမ ၄ဦး၊ အရပ်သားဝန်ထမ်း ၁ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ ယုတ်မာပက်စက်သော လုပ်ရပ်များမှာ လုံးဝ(လုံးဝ) သည်းခံခွင့်လွှတ်နိုင်စရာ အကြောင်းမရှိတော့ပါသဖြင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် NLD အစွန်းရောက်များဖွဲ့စည်းထားသည့် အကြမ်းဖက်အုပ်စုများ၏ လူမဆန်သော ယုတ်မာပက်စက်မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါသည်။

အလားတူ ရန်ကုန်မြို့တွင်လည်း အများပြည်သူ သွားလာလှုပ်ရှားလျက်ရှိသော လမ်းဘေးတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအများအပြား ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော အကြမ်းဖက်လုပ်ရပ်နှင့် ပတ်သက်၍လည်း ကန့်ကွက်ရှုတ်ချပါသည်။

NLD အစွန်းရောက်များ ဖွဲ့စည်းထားသော ပြည်ပသြဇာခံ လက်ပါးစေ အကြမ်းဖက်အဖွဲ့များသည် NLD ပါတီအာဏာလက်မဲ့ဖြစ်ပြီးချိန်မှစ၍ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်လုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် ပြည်ပမှ ရရှိသော လက်နက်၊ ငွေကြေး အထောက်အပံ့များကို အသုံးချ၍ ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသည့်အပေါ် အများပြည်သူအနေဖြင့် သတိရှိစွာဖြင့် အကြမ်းဖက်အန္တရာယ်မှ ကင်းဝေးအောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။

နိုင်ငံရေးရာ တာဝန်ရှိသူများ၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်နေကြသော တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့်လည်း NLD အစွန်းရောက်များအပေါ် ဥပဒေမဲ့ မျက်နှာသာပေးခြင်းမျိုး၊ အဂတိလိုက်စား၍ ဆူပူအကြမ်းဖက်မှုများကို မသိကျိုးကျွန်ပြုခြင်းမျိုး မပြုသင့်ပါ။ တိုင်းပြည်နဲ့ လူမျိုးအပေါ် အဆုံးစွန် ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်လျက်ရှိသော အကြမ်းဖက်အဖွဲ့များကို လုံးဝမျက်နှာသာမပေးဘဲ ဥပဒေနှင့်အညီ တိတိကျကျ အကြမ်းဖက်အန္တရာယ်ဟူသမျှ အမြစ်ပြတ်ခြေမှုန်း၍ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ပါရန် အလေးအနက် တိုက်တွန်းသည်။


Myanmar National Network

ဒေါ်အေးလေး 

(ဥက္ကဋ္ဌ)


နောင်တော်လေး

အထွေထွေအတွင်းရေးမှူး

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)