Pages

Pages

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ၊ ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများနှင့် အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ချက် (စုစည်းဖော်ပြမှု)


MNP ၊ မေ ၂၄

ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုနယ်၊ မခေါက်ကျေးရွာအနီး၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲများထိခိုက်မှုမရှိဘဲ အကြမ်းဖက်ကျား ၅ လောင်းနှင့် အတူ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ လက်လုပ်ကျည် ၄ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ ရီမု ၁ ခု နှင့် လက်လုပ်မိုင်း ၁၀ လုံးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုနယ်၊ ဥယာဉ်ကျေးရွာ၌ လုံခြုံရေးအဖွဲများမှနယ်မြေရှင်းလင်းစဉ် ကျေးရွာရှိနေအိမ်များတွင် PDF အကြမ်းဖက်အဖွဲ့များ သိမ်းဆည်းထားသည့် တူမီးသေနတ် ၁ လက်၊ တူမီးသေနတ်ပြုလုပ် ဆဲ ၂ လက်၊ ဂတ်စ်သေနတ် ၁ လက်၊ လက်လုပ်ရှော့တိုက်စိန်ပြောင်း ၅ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၀ လုံး၊ ပြောက်ကျားအင်္ကျီ ၅ စုံနှင့် ကြယ်တံဆိပ်ပါ ပခုံး ထောက် ၁ စုံတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြိုနယ်၊ သက္ကယ်ကျင်းကျေးရွာ၌ လမ်းပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ဆောင်နေသည့် “မင်းဓနဖြိုး” ကုမ္ပဏီလီမိတက်၏ လုပ်ငန်းသုံး ၆ ဘီးမြေသယ်ယာဉ်အား PDF အကြမ်းဖက် များမှ အဓမ္မလုယက်ယူဆောင်သွားကြောင်း သိရသည်။


ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် CDF အကြမ်းဖက်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက် CDF – Thantlang လက်မောင်းတံဆိပ်ပါ ကျား ၂ လောင်းနှင့် အတူ အိန္ဒိယနိုင်ငံလုပ် ပြောင်းချောသေနတ် ၁ လက်/ ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၄ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် CDF များသည် ၎င်းတို့ထွက်ပြေးရာလမ်းကြောင်းရှိ ပြည်သူပိုင်နေအိမ်များအား မီးရှိဖျက်ဆီးမှုများ လုပ်ဆောင်သွားခဲ့ကြသည်။


ယမန်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ သလ္လာရပ်ကွက်၊ နယ်မြေ(၁)၊ ဆန်းငွေရောင်လမ်းကြားနေ ဒေါ်အေးအေးမာသည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်များမှ ဒလန်ဟုစွပ်စွဲကာ သတ်နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။


ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အင်ပင်ကျေးရွာအနီး၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်များ၏ Drone  ၁ စီးမှ ပျံသန်းလာသဖြင့် Anti Drone Gun ဖြင့် ပစ်ချပြီး လိုက်လံရှင်းလင်းခဲ့ရာ အကြမ်းဖက်များထံမှ Drone  ၁ စီး၊ လက်လုပ်သေနတ် ၁၃ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လေသေနတ် ၂ လက်၊ လက်လုပ်သေနတ်ပြုလုပ်ဆဲ ၁ လက်၊ လက်လုပ်ကျည် ၄၁ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ ၁၂ ဗိုကျည်ခါးပတ်တွဲ ၁ ခု၊ Keypad ဖုန်း ၄ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-ချောင်းဦးသွား အများပြည်သူသွား ကားလမ်းတစ်လျှောက်တွင် လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်များထောင်ထားသည့် လက်လုပ်မိုင်း စုစုပေါင်း ၃၁ လုံးအား ဖော်ထုတ် ရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။


ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂) ရပ်ကွက်၊ စာရေးတန်းလမ်းနေ PDF အကြမ်းဖက်များထံ ငွေကြေးထောက်ပံ့နေသူ ဇော်ဇော်လွင်(ခ)လုံးစိအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။


ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာနေ PDF အကြမ်းဖက်များနှင့် ဆက်နွယ်သူ ပိုင်ဝေလင်း(ခ)ငပိုင် အား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တော ကျေးရွာအနီး၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်များမှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်လာသဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက်များထံမှ လက်လုပ်စိန်ပြောင်း ၁ လက်၊ လုက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ အိုင်ကွန် ၂ လုံး၊ ဆိုင်ကယ် ၄ စီးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ နသိုးကျေးရွာနှင့် အညာပန်းပလွန်းကျေးရွာကြားရှိ ကားလမ်းပေါ်၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်များထောင် ထားသည့် လက်လုပ်မိုင်း ၂၆ လုံးအား ဖော်ထုတ်ရှင်း လင်းနိုင်ခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက် ၈ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာ အနီး၌ လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက်များထံမှ ကျား ၆ လောင်းနှင့်အတူ လက်လုပ်သေနတ် ၅ လက်အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယနေ့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်းသို့ အကြမ်းဖက်သမားများ ၂ဦးက ဧည့်စာရင်းလုပ်လို၍ဟုပြောကာ ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ၅ချက် ပစ်သတ်သွားရာ အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment