NLD အစိုးရခန့် အဂတိလိုက်စား ဝန်ကြီးများအတွက် သက်‌ဆိုင်ရာ တာဝန်ရှိသူများထံသို့ စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်အတူ ကိုယ်တိုင် သက်သေထွက်ဆိုချက်များပေးထား‌‌ကြောင်း ဦးကျော်ဇေယျပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစိုးရခန့် အဂတိလိုက်စား ဝန်ကြီးများအတွက် သက်‌ဆိုင်ရာ တာဝန်ရှိသူများထံသို့ စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်အတူ ကိုယ်တိုင် သက်သေထွက်ဆိုချက်များပေးထား‌‌ကြောင်း ဦးကျော်ဇေယျပြော


MNP ၊ မေ ၂၈

NLD ပါတီမှ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်ခဲ့သည့် ဦးကျော်ဇေယျသည် NLD အစိုးရခန့် အဂတိလိုက်စားဝန်ကြီးများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ စာရင်းစစ်ချုပ် အစီရင်ခံစာနှင့်အတူ ကိုယ်တိုင်သက်သေထွက်ဆိုချက်များပေးထားကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားဖော်ပြထားသည်။

ဦးကျော်ဇေယျက "Nld,အစိုးရခန့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကြီး အတွင်းက အဂတိမှုများနဲ့ အရေးယူခြင်းမခံရသေးသည့် လက်ကျန် ဝန်ကြီးဟောင်း နှစ်ပါးကတော့ မနေ့က ပေါ်ထွက်လာပြီးဆက်လက် အရေးယူခြင်း ခံလိုက်ရပါပြီ၊ ဝန်ကြီးချုပ်တစ်ဦးသာ ကျန်ရှိပါ‌‌တော့၏၊ သက်‌ဆိုင်ရာ တာဝန်ရှိသူများထံသို့ စာရင်းစစ်ချုပ်အစီ ရင်ခံစာနှင့်အတူ ကိုယ်တိုင်ပင် သက်သေထွက်ဆိုချက်များပေးထား‌‌တော့ ဘယ်သူ့ကို ဘယ်လို ဆက်လက်ကာ အရေးယူမည်လဲဆိုတာ စောင့်ကြည့်လျက်ပါခင်ဗျာ၊ ဒဂုံမြို့သစ်မြို့နယ်များက စက်သုံးဆီဆိုင်မြေနေရာ များ အမည်ပေါက် ရောင်းချမှုနှင့် ပတ်သက်လို့ ရန်ကုန်လွှတ် တော်စီမံကိန်းကော်မတီသို့ မူလမြေပိုင်ရှင်များက လာ၍ တိုင်တန်းသည့်အခါ လူကိုယ်တိုင်အား အမြဲတွေ့ဆုံ ကာ ကော်မတီမှ မေးမြန်းစုံစမ်း ခဲ့ပါသည်၊ ထိုသို့တွေ့ဆုံစဉ်က အသိမ်းခံရသူ/နစ်နာသူ မူလမြေပိုင်ရှင်များ၏ မျက်ရည်စများက ကျွန်တော်တို့စီမံကိန်းကော်မတီ၏ ရုံးခန်းအတွင်းမှာ ဝမ်းနည်းစရာ မှတ်တမ်းများအဖြစ် ကျန်ရစ်ခဲ့သည့် ပုံရိပ်များ ရှိခဲ့ပါသည် ခင်ဗျာ၊ ယခု အဆိုပါမြေနေရာများနှင့်ပတ်သက်လို့ တာဝန်ရှိသူ

များကို အရေးယူတော့မည်ဖြစ်ကြောင်း ကြားလိုက်ရလို့ မူလနစ်နာသူ မြေပိုင်ရှင်များ၏ ကြိမ်စာကား ထိရောက်ကာသွားပြီ ဟု သံဝေဂ တရားရကာ မှတ်သားရပါသည်၊ ရန်ကုန်အစိုးရအဖွဲ့အပေါ် စာရင်းစစ်ချုပ်၏အစီရင်ခံစာအရ အရေးယူရန်ကျန်ရှိမည်ဟု ယူဆရသည့် အောက်ပါ အကြောင်းအရာများကိုလည်း စောင့်ကြည့်ဆဲပါ ခင်ဗျာ-" ဟု ရေးသားပြောဆိုထားသည်။

၁။ဘီလျံကျပ်(၃၀)တန် အရေးပေါ်မီးစက်ကြီးဝယ်ယူမှု၊ ၂။အရှေ့‌တောင်အာရှမှာ အရှည်ဆုံး ညဈေးတန်းကြီး ပါ     ဟု ပေါကြောင်ကြောင် ဂုဏ်ယူကာ တည်ဆောက်ခဲ့ပါသော ရန်ကုန်စည်ပင်ရဲ့ကန်းနားလမ်းက ညဈေးတန်းကြီး တည်ဆောက်မှုအကြောင်း၊ ၃။ပြည်သူ့ရင်ပြင်အတွင်းက ဗဟိုမီးပွှိုင့် ထိန်းချုပ်မှုစင်တာကြီးအား လုပ်ငန်းမပြီးသော်လည်း စာချုပ်ပါအချက်များ ဖောက်ဖျက်ကာ ငွေအကြေပေးချေခဲ့မှုများ၊ ၄၊၊YBS,ကားများ၊ကျောင်းကားအစီး(၂၀၀)အားဝယ်ယူခဲ့မှုများနှင့် ရန်ကုန်ကျူးကျော်များအတွက်ငွေကျပ် (၆၄)ဘီလီယံ သုံးစွဲခဲ့မှုအကြောင်းများအား အလေးထားကာ စောင့်စားကြည့်ရှူ့၍ နားစွင့်လျက်ပင် ရှိပါကြောင်း‌ ဦးကျော်ဇေယျက ရေးသားဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး NLD ဝန်ကြီးဟောင်းများ၏ အဂတိမှုများကို စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အဂတိလိုက်စားသည့် ဝန်ကြီးတချို့ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူထားပြီးနောက် ဦးကျော်ဇေယျက ရေးသားဖော်ပြလိုက်ခြင်း ဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်း ဦးကျော်ဇေယျသည် NLD ဝန်ကြီးများ၏ ဥပဒေမဲ့ ဆောက်ရွက်ချက်များအား အစဉ်သဖြင့် ထောက်ပြဝေဖန်ခဲ့ရာမှ ပါတီမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

     

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)