လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံ၌ တပ်ဆင်ထားသည့် မှန်များအား ရိုက်ခွဲဖျက်ဆီးခဲ့သည့် NLD အစွန်းရောက် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံ၌ တပ်ဆင်ထားသည့် မှန်များအား ရိုက်ခွဲဖျက်ဆီးခဲ့သည့် NLD အစွန်းရောက် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူ


MNP ၊ မေ ၂၈ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံ၌ တပ်ဆင်ထားသည့် မှန်များအား ရိုက်ခွဲဖျက်ဆီးခဲ့သည့် NLD အစွန်းရောက် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ မီးရထားဘူတာရုံအတွင်းသို့ NLD အစွန်းရောက် အကြမ်းဖက်သမား ၂၀ ဦးခန့် ဝင်ရောက်လာပြီး ဘူတာရုံတွင် တပ်ဆင်ထားသည့် မှန်များအား ရိုက်ခွဲဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးတားမြစ်ခဲ့ရာ အဆိုပါအကြမ်းဖက်သမားများက လုံခြုံရေး တပ်ဖွဲ့ဝင်များအား တုတ်၊ ဓားများဖြင့် ပြန်လည်ရန်ပြုခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။

အကြမ်းဖက်သမားများအနက် လွိုင်ကော်မြို့၊ ကြည်သာယာရပ်ကွက်နေ ငယ်လေး (ခ) နှာခေါင်းကြီး (၃၉)နှစ် (ဘ)ဦးစိန်မြင့်သည် ကျည်ထိမှန်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ပြီး နမ့်ဘော်ဝမ် (က) ရပ်ကွက်နေသူများဖြစ်သည့် နိုင်ဝင်းလှိုင်(၁၉)နှစ် (ဘ)ဦးကြည်လှိုင်၊ စိုးထက်လင်း(၂၁)နှစ် (ဘ) ဦးမင်းခန့်ကျော်၊ ကိုဇော်(၁၅)နှစ် (ဘ)ဦးဝင်းတင့်၊ ထက်လင်းအောင်(၁၆)နှစ် (ဘ)ဦးနိုင်လင်းအောင်၊ ဇင်ဖြိုး(ခ) ဇင်ဘိုဟိန်း(၁၄)နှစ် (ဘ)ဦးထွန်းလှမိုးနှင့် နေလင်းထွန်း(၁၅)နှစ် (ဘ)ဦးကျော်လွင်တို့ ၆ ဦးအား ဓား ၂ လက်၊ တုတ် ၂ ချောင်း၊ အလံနီ ၂ ခု၊ ဆိုင်ကယ် ၃ စီး၊ စက်ဘီး ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


အထက်ပါမီးရထားဘူတာရုံဖျက်ဆီးမှုမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် ငယ်လေး(ခ) နှာခေါင်းကြီး သေဆုံးမှုနှင့်ပတ်သတ်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)