NUG အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ ခိုင်းနွား PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်မှုမဟုတ်ကြောင်း မမှန်မကန် ရေးသားထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ ခိုင်းနွား PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်မှုမဟုတ်ကြောင်း မမှန်မကန် ရေးသားထုတ်ပြန်




MNP ၊ မေ ၃၁

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိစေရန် မိုင်းထောင်ဖောက်ခွဲခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ NLD အစွန်းရောက် PDF (Yangon) က ၎င်းတို့၏ လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ပြည်ပသြဇာခံ လက်ပါးစေ ပြည်ပေးများဖွဲ့စည်းထားသည့် NUG က ၎င်းတို့ ခိုင်းစေထားသည့် PDF များ၏ လက်ချက်မဟုတ်ဟု မဟုတ်မမှန် ရေးသား ထုတ်ပြန်၍ အများပြည်ကို လိမ်ညာမှိုင်းတိုက်ထားသည်ကို တွေ့ရသည်။

ယနေ့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် PDF (Yangon) က ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တွင် မွတ်စလင်တစ်ဦး သေဆုံးခဲ့ရသည်ဟု သတင်းထွက်ပေါ်လာပြီးနောက် NUG က ၎င်းတို့ခိုင်းစေထားသည့် PDF အကြမ်းသမားများ၏ လက်ချက်မဟုတ်ကြောင်း ထုတ်ပြန်လာသည့်အပေါ် သူရိယနေဝန်းဂျာနယ်၏ CEO ဦးမိုးဟိန်းက "ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ထိခိုက် ပျံလွန်တော်မူတုန်းက အသံမထွက်ခဲ့ကြတဲ့ NUG ဟာ ဒီနေ့ ရန်ကုန် ဗုံးပေါက်ကွဲလို mုလား အချို ထိခိုက်တော့ ရှုတ်ချပါတယ်ဆိုပြီး အသံထွက်လာရော၊ NUG ရဲ့ သဘောထားအမှန်က ဘာလဲ/ဘယ်လဲ ဆိုတာ သိသင့်ပါပြီ။ ဘုရားစူး ဗုဒ္ဓဘာသာနိုင်ငံတော်ပါ။" ဟု ၎င်း၏ Telegram Channel မှ ရေးသားပြောဆိုထားသည်။

NLD အစွန်းရောက် ပြည်ပသြဇာခံ ပြည်ပြေး လက်ပါးစေ NUG အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့၏ PDF အကြမ်းဖက်သမားမားက သံဃာတော်များကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်၍ သံဃိကငွေများကို ဓားပြတိုက်ခြင်း၊ ကားများကို မီးရှို့ဖျက်ဆီးခြင်း၊ ဘုန်းတော်ကြီးကျောင်းများကို ဗုံးခွဲတိုက်ခိုက်သည့် လုပ်ရပ်များအပေါ် ထုတ်ပြန်ကြေညာ၍ ပြစ်တင်ပြောဆိုခြင်းမျိုး မရှိဘဲ ယနေ့ ရန်ကုန်မြို့ပေါ် ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်မှသာ မဟုတ်မမှန် ထုတ်ပြန်ကြေညာ၍ ၎င်းတို့၏ အကြမ်းဖက်သမားများကို ကာကွယ်ပြောဆိုပြီး နိုင်ငံတော်အစိုးရကို ပြစ်တင်ပြောဆိုထားသည်ကို တွေ့ရသည်။

PDF (Yangon) က ရန်ကုန်မြို့ပေါ် ဖောက်ခွဲတိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)