မံစီမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် online မှတဆင့် အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မံစီမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် online မှတဆင့် အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

39


MNP - မေ    ၃      

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ online မှတဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွင့် ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းက ကလေးကဗျာရွတ်ဆိုခြင်းနှင့် ပုံပြောခြင်းအစီစဉ်များကို ရိုက်ကူးထုတ်လွင့် ဆောင်ရွက်ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန်ရည်ရွယ်၍ online မှတဆင့် သုတ၊ ရသစာအုပ်စာစောင်မိတ်ဆက်ခြင်းအစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ် စက္ကူအရုပ်ခေါက်အစီအစဉ်များကို မံစီမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် စဉ်ဆက်မပြတ် နေ့စဉ်ရိုက်ကူးထုတ်လွင့် ဆောင်ရွက်ပေးလျက် ရှိနေကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages