MNP - မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကာတွန်းသရုပ်ဖော် စောမင်းဝေ၏ “ဝါဝါလေးကဘယ်သူလဲ” ခေါင်းစဉ်ဖြင့် ပုံပြောခြင်းအစီအစဉ်ကို ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အတွက် အသိပညာဗဟုသုတများရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသစာအုပ်စာစောင် မိတ်ဆက်ခြင်းအစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်အစီအစဉ်များကို စဉ်ဆက်မပြတ် နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ထွေးငယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment