ပေါက်တောမြို့၌ အောက်ဆီဂျင်စက်ရုံ(Oxygen Plant)ဖွင့်ပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ အောက်ဆီဂျင်စက်ရုံ(Oxygen Plant)ဖွင့်ပွဲ အခမ်းအနားပြုလုပ်






MNP - မေ   ၂၉


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီမှကြီးမှူး၍ အောက်ဆီဂျင်စက်ရုံ (Oxygen Plant) ဖွင့်ပွဲအခမ်းအနားကို လောကထိပ်ပန် ဘုရားကြီးကွင်းပြင်တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံနှင့် မြို့နယ်အားကစားခန်းမတွင် ယနေ့နံနက် (၈:၀၀)က ပြုလုပ်သည်။


အဆိုပါ အခမ်းအနားကို အစီအစဉ်နှစ်ပိုင်းခွဲ၍ ပထမပိုင်းအစီအစဉ်တွင် အောက်ဆီဂျင်စက်ရုံအတွင်း၌  သံဃာတော်(၁၈)ပါးပင့်ဆောင်လျက် မုန့်ဟင်းခါးဆွမ်းကပ်လှူကြသည်။  ရောက်ရှိလာကြသော လူပရိတ်သတ်များက ငါးပါးသီလခံယူကြကာ အန္တရာယ်ကင်းပရိတ်တရားတော်မြတ်ကို နာယူကြပြီး လှူဖွယ်ပစ္စည်များကို ဆက်ကပ်ပေးကြသည်။


ထို့နောက် နံနက်(၉:၀၀)နာရီအချိန်တွင် အောက်ဆီဂျင်စက်ရုံကို ရခိုင်မင်္ဂလာစည်တော်တီးခတ်၍  ပေါက်တောမြို့နယ် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ဒုတိယပိုင်းအစီအစဉ်ကို ပေါက်တောမြို့နယ် မြို့မအားကစားခန်းမထဲတွင်ပြုလုပ်ပြီး ရှေ့ဦးစွာ သဘာပဓိ ဦး‌ကျော်သိန်းမောင်ကအဖွင့်အမှာစကားပြောကြားခြင်း၊ ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီး မြောက်ခြင်းအတွက် ဝမ်းသာပီတီစကားပြောကြားပေးခြင်း၊ (Oxygen Plant) ဥက္ကဋ္ဌမှ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရခြင်းနှင့် ဆောက်လုပ်ပြီးစီးအောင်အဖက်ဖက်က ဝိုင်းဝန်းကူညီပေးကြသော မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူထည့်ဝင်ပေးကြသည့် စေတနာရှင်များအား ကျေးဇူးတင်စကားပြောကြားခြင်း၊ (Oxygen Plant) အတွင်းရေးမှူးမှ အောက်ဆီဂျင် စက်ရုံတည်ဆောက်ရန် ရံပုံငွေရှာဖွယ်ခြင်းနှင့် လက်ခံရရှိထားသည့် ငွေပမာဏနှင့် ကုန်ကျစရိုက်များကို ရှင်းလင်းပြောကြားပြီး၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရာ၌ အလှူငွေထည့်ဝင်ထားကြသည့် စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။


တည်ဆောက်ပြီးစီးထားသည့် အောက်ဆီဂျင်စက်ရုံတွင် ဆလင်တာဗူး (၅၀)ရှိပြီး တစ်နေ့လျှင် အောက်ဆီဂျင်အလုံး (၄၀) ထုတ်ပေးနိုင်မည်ဖြစ်သည်။ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ ဆရာတော်သံဃာတော်များ၊ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရခိုင်တိုင်းရင်းသား ခမီးလူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)