ဝက်လက်မြို့နယ်တွင် ခရီးသည်တင်ယာဉ်အား PDF အကြမ်းဖက်အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ ခရီးသွားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့နယ်တွင် ခရီးသည်တင်ယာဉ်အား PDF အကြမ်းဖက်အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ ခရီးသွားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ





MNP ၊ မေ ၂၂

ယမန်နေ့ မေ ၂၁ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင်  ခရီးသည်တင်ယာဉ်တစ်စီးအား PDF အကြမ်းဖက်အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ ခရီးသွားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၁ရက် နံနက် ၅ နာရီခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာအဝင် ရွှေဘို-မန္တလေး ကားလမ်းပေါ်တွင် ရန်ကုန်မြို့မှ ကလေးမြို့သို့ ထွက်ခွာလာသည့် Hight Class ယာဉ်လိုင်းမှ မော်တော်ယာဉ်အား PDF အကြမ်းဖက်အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်၏ လေကာမှန်နှင့် ယာဉ်ကိုယ်ထည်များ ထိခိုက် ပျက်ဆီးသွားပြီး ခရီးသွားပြည်သူ ၂ ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖောက်ခွဲလူသတ်အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိရာ မေ ၂၁ရက် ညပိုင်းကလည်း ခင်ဦးမြို့နယ်၊ သီဟတောကျေးရွာတွင်နေထိုင်သူ ဦးမောင်နိုင်၊ ဖိုးရှန်း၊ သန်းဇော်ဦးနှင့် အီးတီတို့ ၄ ဦးအား ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 အလားတူပင် မေ ၂၁ရက် ညပိုင်းက မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာအနီး ပေါက်ပင်-ကြာပိုင်ကျေးရွာသွားလမ်းတွင် မုံရွာမြို့နယ်နေသူများဖြစ်သည့် ထွန်းထွန်းဝင်း ဘန်စီကျေးရွာနှင့် ဝင်းထိုက် ကျီးအုပ်ကျေးရွာတို့ ၂ ဦးအား ဒလန်ဟုစွပ်စွဲကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)