Pages

Pages

ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာရှိ စာသင်ကျောင်းအတွင်း PDF အကြမ်းဖက်သမားများ စခန်းချ သောင်းကျန်းနေကြောင်း သိရ


MNP ၊ မေ ၂၈

ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာရှိ စာသင်ကျောင်းထဲတွင် PDF အကြမ်းဖက်သမားများက တန်းစီပြီး သွေးသစ္စာဆိုခြင်း၊ အချက်ပြ ဂလိုင်ခေါက်၍ ထမင်းစားခြင်း၊ မိုင်းများ သေနတ်များလုပ်နေခြင်း၊ ရှော့ဂန်းများ၊ သံဖြတ်စက်များဖြင့် မီးလာတဲ့အချိန်တိုင်း PDF (၄၀)က ဦးဆောင်လုပ်ကိုင်နေကြောင်း ဒေသခံ သတင်းများအရ သိရသည်။

သရက်ကုန်းရွာတွင် လက်နက်ကိုင် PDF အကြမ်းဖက်သမား (၈၃)ဦးရှိကြောင်း၊ KIA ထံမှ လက်နက်ခဲယမ်း သိန်း(၃၀၀)ဖိုးဝယ်ယူထားကြောင်း၊ သရက်ကုန်းကျေးရွာရှိ PDF အကြမ်းဖက်စခန်းမှ ခင်ဦးမြို့နယ်ရှိ အခြား PDF ရှိသောရွာများထံ လက်ပစ်ဗုံးနှင့် သေနတ်များရောင်းချခြင်း၊ သရက်ကုန်းရွာ၏ အရှေ့ဘက် လယ်တောရှိ ထိုးထားသော ထော်လာဂျီပေါ်တွင် လက်နက်တပ်ဆင်သည့် ပစ္စည်းများကို သံသေတ္တာ(၂)လုံး၌ ထည့်ထားပြီး မိုးကာအုပ်ထားကြောင်း သိရသည်။

သရက်ကုန်း PDF အကြမ်းဖက်သမားများနှင့် ဆက်စပ်လျက်ရှိသော PDF အကြမ်းဖက်သမားရှိသည့် ရွာများမှာ ကင်းပရစ်၊ ရှင်မင်းထွေး၊ တဲစု၊ အင်တိုင်းကြီး၊ ရှားတော၊ ကလုံ၊ မှုံလှ၊ သာဝတ္ထိ၊ မြင်းကျရွာတို့တွင် အကြမ်းဖက်သမားများ ရှိနေကြောင်း ဒေသခံများက ဆက်သွယ်ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment