ရွှေပြည်သာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား PDF အကြမ်းဖက်အဖွဲ့က ဝင်ရောက်ပစ်ခတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား PDF အကြမ်းဖက်အဖွဲ့က ဝင်ရောက်ပစ်ခတ်



MNP ၊ မေ ၂၈

ယနေ့ မေ ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၁၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား PDF အကြမ်းဖက်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မေ ၂၈ရက် မွန်းလွဲ ၁၂နာရီ ၂၀မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ (၁၄) ရပ်ကွက်၊ ဗန္ဓုလလမ်းနှင့် ဧည့်မထလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ထုတ်စဉ် ရုံးရှေ့တွင်ထိုင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပလတ်စတစ်ထိုင်ခုံဖြင့် ပစ်ပေါက်၍ ရုံးအနောက်သို့ထွက်ပြေးခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် ရုံးအတွင်းထပ်မံဝင်ရောက်၍ သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ရုံးအကူဝန်ထမ်း ဦးဝင်းလှိုင်မှာ ကျည်ထိဒဏ်ရာသုံးချက်ဖြင့်သေဆုံးခဲ့ပြီး ဆယ်အိမ်မှူးဦးသန်းထွန်းတွင်ရင်ဘတ်ကျည်ထိဒဏ်ရာ (စိုးရိမ်ရ)၊ ရာအိမ်မှူးဦးဝင်းညွန့်တွင် ခြေထောက်ကျည်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျူးလွန်သူများအား အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)