RCSS/SSA နှင့်ယနေ့စတင်၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

RCSS/SSA နှင့်ယနေ့စတင်၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်


MNP၊ မေ ၂၀

ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ချင်းစီနှင့် မျက်နှာစုံညီ ဆွေးနွေးသွားမည်ဖြစ်ပြီး ယနေ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ကသတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ဆွေးနွေးမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုပ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏  ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့မှ ဥက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)