နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ်နှင့်အဖွဲ့ဝင်များအား တာချီလိတ်လေဆိပ်တွင် ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ်နှင့်အဖွဲ့ဝင်များအား တာချီလိတ်လေဆိပ်တွင် ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို





MNP ၊ မေ ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ်နှင့်အဖွဲ့ဝင်များသည် ယနေ့နေ့လည် ၁၂ နာရီအချိန်က နေပြည်တော်မှ တပ်မတော်လေယာဉ်ဖြင့် တာချီလိတ်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မေ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ရန် မေ ၁၉ ရက်နေ့က တာချီလိတ်လေဆိပ်မှတဆင့် နေပြည်တော်သို့ထွက်ခွာသွားသောဥက္ကဋ္ဌ ယွက်ဆစ်နှင့်အဖွဲ့ဝင်များ၏ ၅ ရက်ကြာခရီးစဉ်မှ ပြန်လည်ရောက်ရှိလာချိန်တွင် ရှမ်း၊ အာခါ၊ လားဟူ၊ ပအိုဝ့် တိုင်းရင်းသားများနှင့် ပြည်သူများက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုထောက်ခံသောအားဖြင့် ပန်းစည်းများနှင့် ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ လေဆိပ်မှသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဥက္ကဋ္ဌ ယွက်ဆစ်နှင့်အဖွဲ့ဝင်များသည် ဆေခမ်းရပ်ကွက်ရှိ ရာဇဌါန် ဘုန်းတော်ကြီးကျောင်းသို့ ဝင်ရောက်ဖူးမျှော်ခဲ့ပြီး ပလက်တီနမ်ဟိုတယ်၌ နေ့လည်စာ သုံးဆောင်ခဲ့ကြပြီးနောက် နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်တွင် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှတဆင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။


သတင်း - ယာဆေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)