နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ဥက္ကဋ္ဌ စဝ်ယွက်စစ် နှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ့ဥက္ကဋ္ဌ စဝ်ယွက်စစ် နှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး






MNP ၊ မေ  ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအားလုံးကို ငြိမ်းချမ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး ပထမဆုံးအနေဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA) အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့အား ယနေ့စတင်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

RCSS(SSA) အဖွဲ့ဥက္ကဋ္ဌ စဝ်ယွက်စစ်နှင့် အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင် နှင့် ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ဦးဆောင်သော အဖွဲ့က လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့က အကြောင်းပြန်ကြားထားပြီး RCSS (SSA) ခေါင်းဆောင်များနှင့် ပထမဆုံး တွေ့ဆုံနိုင်ခဲ့ခြင်းဖစြသည်။ 

ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် တွေ့ဆုံဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်ပတ်သက်၍ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ EAO အဖွဲ့တွေရဲ့ သူတို့အဆင်ပြေနိုင်မယ့် အချိန်ကိုပဲဦးစားပေးပြီး ကျွန်တော်တို့ စဉ်းစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံးစတင်သွားဖို့ရည်မှန်ထားတာဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ချင်းမှာလည်း မတူညီတဲ့ အကြောင်းအရာတွေ ရှိတော့ ဆွေးနွေးပွဲကို ဘယ်အချိန်လုပ်မယ်ဆိုတာ ကျွန်တော်တို့ သတ်မှတ်ပေးတာထက် သူတို့ဆီက တုန့်ပြန်မှုတွေ ရလာတဲ့အချိန်မှာ ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့ဖူးသည်။

တွေ့ဆုံဆွေးနွေးရန် အကြောင်းပြန်ကြားထားသော တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့တွင် NCA လက်မှတ်ရေးထိုးပြီး ဖြစ်သော DKBA, KNU/KNLA-PC, PNLO, MMSP, ALP, RCSS(SSA), LDU အစရှိသည့် (၇)ဖွဲ့က တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် UWSA, MDAA, SSPP(SSA)  (၃)ဖွဲ့ တက်ရောက်ဆွေးနွေးရန် အကြောင်းပြန်ထားပြီး ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် တက်ရောက်ဆွေးနွေးမည်မဟုတ်ကြောင်း ကြေညာချက်များထုတ်ပြန်၍ ပြောဆိုခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က "အဓိက ကတော့ ကျွန်တော်တို့က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပြီး ဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော် အကြီးအကဲကိုယ်တိုင်ကလည်း ကိုယ်တိုင်တွေ့ဆုံမယ်ဆိုပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့တာ ရှိပါတယ်။ အဲဒီအပေါ်မှာတော့ သဘောထားအမြင် အမျိုးမျိုး ရှိကြတာပေါ့လေ။ သဘောထား အမြင်အမျိုးမျိုး ရှိကြတဲ့အထဲမှာတချို့လည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ EAO များထက် ပိုပြီးတော့ ပတ်သက်တဲ့သူများ ဘယ်သူများ ရှိအုံးမှာလဲဗျာ။ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူများ ဆိုတဲ့အထဲမှာ EAO များထက် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူ ဘယ်သူများ ရှိအုံးမှာလဲ။ ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောနေသလိုပါပဲ။ ပုဂ္ဂိုလ် ရေးရာထက် ဒီအချိန်ဟာ အချိန်ကောင်းပဲ ဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ မလာဘူးဆိုတဲ့ အဖွဲ့တွေပေါ့လေ ဒါတွေကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ထားရှိတဲ့ သဘောထား၊ ပြည်သူလူထုနဲ့ ဒေသခံလူထုအပေါ်မှာ ထားရှိတဲ့ သဘောထား ပေါ်လွင်လာတယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်" ဟု ပြောဆိုထားသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ဟု ထုတ်ပြန်ထားသော KNU, KIA အဖွဲ့များသည် အကြမ်းဖက်အဖွဲ့များ ပြည်ပအဖွဲ့အစည်းများနှင့်ပတ်သက်နေမှုကို နိုင်ငံတော်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုထားပြီး တိုင်းပြည်တွင်း အကြမ်းဖက်မှုများလုပ်ဆောင်နေသော PDF အကြမ်းဖက်သမားများကို အကြမ်းဖက်သင်တန်းပေးခြင်၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်နေမှုတချို့ကို ဖမ်းဆီးရမိမှုများရှိခဲ့ကြောင်း ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)