Pages

Pages

မိုးစပါး ဆင်းဧကရီ-၃ (RS) မျိုးသန့်မျိုးပွားမျိုးစေ့ပေးအပ်ပွဲနှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(CS) စိုက်ပျိုးထုတ်လုပ်ခြင်း၊ မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်းနည်းပညာ သင်တန်းဖွင့်ပွဲကျင်းပ





MNP - မေ  ၂၈


ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါး ဆင်းဧကရီ-၃ (RS) မျိုးသန့် မျိုးပွားမျိုးစေ့ပေးအပ်ပွဲနှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (CS) စိုက်ပျိုးထုတ်လုပ်ခြင်း၊ မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းနည်းပညာ သင်တန်းဖွင့်ပွဲကို မေ (၂၇) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းညွန့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးက မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ တောင်သူများအား လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သတ်၍ ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက မိုးစပါးဆင်းဧကရီ-၃ (RS) မျိုးသန့်မျိုးပွားမျိုးစေ့ အားပေးအပ်ခဲ့ရာ အောင်တံခွန်မျိုးစေ့ထုတ်အသင်း၊ မျိုးဆက်ဆက်သစ် မျိုးစေ့ထုတ်အသင်းကိုယ်စား တောင်သူများက လက်ခံရယူခဲ့ကြကြောင်းသိရသည်။


ဆက်လက်၍ ဒုတိပိုင်းအခမ်းအနားကျင်းပခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး စုစုခိုင်မှ စီးပွားဖြစ်မျိုးသန့်မျိုးစေ့(CS) စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းနည်းပညာပေးပို့ချပေးပြီး၊ ကွင်းတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးဟွေလီယိုထန်းက တောင်သူများအား စိုက်ကွင်းတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများဆွေးနွေးမှာကြားပြီး၊ တက်ရောက်လာသော တောင်သူများက သိရှိလိုသောအကြောင်းအရာများကို မေးမြန်းခဲ့ကြကာ တာဝန်သူကများက ပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာအုပ်စု၊ ကက်သာကျေးရွာအုပ်စုရှိ တောင်သူ(၄၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သတင်း - လင်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment