Pages

Pages

ရေဖြူ၌ ဆင်းသုခ(RS)မျိုးသန့်မျိုးပွားမျိုးစေ့ စပါးပေးအပ်ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ

 


MNP - မေ   ၂၂


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆင်းသုခ(RS) မျိုးသန့် မျိုးပွားမျိုးစေ့ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ထားဝယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးထွန်းမြ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကိုနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးမှ ဆင်းသုခ(RS)မျိုးသန့်မျိုးပွား မျိုးစေ့အကြောင်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းက စပါးမျိုးစေ့များ တောင်သူများထံ ဖြန့်ဖြူးပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ တက်ရောက်လာသည့် ဒေသခံတောင်သူများ၏ မေးမြန်းဆွေးနွေမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


သတင်း - ဖြူဖြူရှိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment