တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ထပ်မံရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ထပ်မံရောက်ရှိ


MNP ၊ မေ ၂၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းတို့အနက် တတိယအသုတ်အနေဖြင့် ဆေးထိုးအပ် ၅ ဒသမ ၄ သန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် Sichun Airline ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိကြသည်။

အဆိုပါ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို ကျန်းမာ ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိ သူများက လက်ခံရယူကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းတို့အနက် ပထမအသုတ်အနေဖြင့် Sinopharm ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ၅ သန်း doses နှင့် ဆေးထိုးအပ် ၂ သန်းသည် မေ ၁၈ ရက်တွင် လည်းကောင်း၊ ဒုတိယ အသုတ်အနေဖြင့် ဆေးထိုးအပ် ၅ သန်း သည် မေ ၁၉ ရက်တွင် လည်းကောင်း ရန်ကုန်မြို့ သို့ရောက်ရှိခဲ့ပြီး မေ ၂၉ ရက်တွင် ကျန်ရှိသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို ဆက်လက် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ ရောက်ရှိလာသည့် ဆေးထိုးအပ်များ ကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို ကာကွယ်ဆေးသိုလှောင်ခန်းသို့ မော်တော်ယာဉ်များဖြင့်ပို့ ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)