ကလောမြို့နယ်၌ ခေတ်မီစံပြကျေးရွာ (Smart Village) အကြောင်း မိတ်ဆက်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ ခေတ်မီစံပြကျေးရွာ (Smart Village) အကြောင်း မိတ်ဆက်ရှင်းလင်း

 



MNP - မေ   ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ဘော်နင်းကျေးရွာအုပ်စု၊ ဘော်နင်းရွာသစ်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာ (Smart Village) အကြောင်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းက ခေတ်မီစံပြကျေးရွာ(Smart Village)အကြောင်း ဦးစွာရှင်းလင်းဆွေးနွေးခဲ့ရာတွင် ကျေးရွာရှိ ပြည်သူများ၏ လိုလားချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၁ ဗိုလ်မှူးနိုင်လင်းထွန်းက လုံခြုံရေးကိစ္စများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျေးရွာနေပြည်သူများအတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ချိပ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေး ရည်ရွယ်ချက်များ၊ အဓိကလုပ်ငန်းစဉ် (၆)ခု၊ လုပ်ငန်းခွဲ(၄၈)ခု၊ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ(၁၆)ခုတို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကော်မတီ၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီရေးကော်မတီ၊ အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေရေးကော်မတီ၊ အသင်းအဖွဲ့များခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးရေးကော်မတီ၊ လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းထိမ်းရေးလုပ်ငန်းကော်မတီများကို ကျေးရွာရှိပြည်သူသဘောတူညီချက်တို့ဖြင့် အသီးသီးဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


သတင်း - ကျော်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)