Pages

Pages

SNLD ပါတီက နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမည်ဟုဆို


MNP ၊ မေ ၂၅

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို မေလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအရလည်းကောင်း၊  ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပပြုလုပ် သွားမည် ဖြစ်ပါသည်။ မေလ ၂၆ ရက်နေ့ နံနက် ၈း၃၀ နာရီမှ ၁၁ ၀၀ နာရီအထိ ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် သတင်းမီဒီယာများအနေဖြင့် သတင်းမှတ်တမ်းများ လာရောက် ရယူနိုင်ပါကြောင်း ဖိတ်ကြားထားသည်။


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများအား စစ်ဆေးမှုအပေါ် စစ်ဆေးခံခြင်း မရှိသေးကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment