ကျောက်ဖြူမြို့တွင် မော်တော်ယာဉ်စည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်ကြသည့် ပြည်သူများအား ယာဉ်စည်းကမ်းအသိပညာပေးစာတန်းပါ T-Shirt အင်္ကျီများ အခမဲ့ပေးဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် မော်တော်ယာဉ်စည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်ကြသည့် ပြည်သူများအား ယာဉ်စည်းကမ်းအသိပညာပေးစာတန်းပါ T-Shirt အင်္ကျီများ အခမဲ့ပေးဝေ







MNP ၊ မေ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်အညီ မော်တော်ယာဉ် များအား စီးနင်းမောင်းနှင်ကြသည့်ပြည်သူများကို ယနေ့ နံနက်ပိုင်းက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့အဝင်/အထွက်နေရာဖြစ်သည့် ပွိုင့်ရှေ့လမ်းဆုံနေရာ သို့သွားရောက်ပြီး ယာဉ်စည်းကမ်းအသိပညာပေးစာတန်းပါ T-Shirt အင်္ကျီများကို အခမဲ့ပေးဝေခဲ့ ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စု မှူး ရဲအုပ်သန်းစိုးအောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက မြို့အဝင်အဝေးပြေးကားလမ်းမကြီးတစ်လျှောက် ဖြတ်သန်းမောင်းနှင်လာသည့် အနှေးယာဉ် မောင်းနှင်သူများ၊ အငှားယာဉ်မောင်းနှင်သူများနှင့် ကား၊ဆိုင်ကယ် စသည့်မော်တော်ယာဉ်မောင်းများကို  စစ်ဆေးကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ကြသည့် ပြည်သူများကို ယာဉ်စည်း ကမ်းအသိပညာပေးစာတန်းပါ T-Shirt အင်္ကျီများကို အခခဲ့ပေးဝေခဲ့ပြီး လိုက်နာမှုမရှိသည့် ယာဉ်မောင်း များကို အရည်အသွေးမြင့်သောဆိုင်ကယ်ဦးထုပ်များ သေချာစွာတပ်ဆင်မောင်းနှင်ကြရန်၊ နှစ်ဦး ထက် ပို၍ သယ်ဆောင်မောင်းနှင်ခြင်းမပြုကြရန်၊ ရှေ့မီးအနိမ့်ဖွင့်၍ နေ့ရောညပါ မောင်းနှင်ကြရန်၊ ဆိုင် ကယ်အား စက်သံဆူညံစွာမောင်းနှင်ခြင်းမပြုကြရန်၊ မော်တော်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ် လိုက်ပါသူများအနေဖြင့် အသက်ကယ်ခါးပတ်အားတပ်ဆင်မောင်းနှင်ကြရန် စသည့် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးများ‌ဟောပြောပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရှိရသည်။ 

   

သတင်း - တင်ထွန်းဦး ၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)