ပေါင်မြို့နယ်တွင် ရေချွေတာသုံးစွဲရေး ခေါင်စဉ်ဖြင့်အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ရေချွေတာသုံးစွဲရေး ခေါင်စဉ်ဖြင့်အသိပညာပေး Talk Show ပြုလုပ်


MNP ၊ မေ ၁၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်ရုံးတွင် ရေချွေတာသုံးစွဲရေး  ခေါင်စဉ်ဖြင့်အသိပညာပေး Talk Show ပြုလုပ်ခြင်းကို ယမန်နေ့မွဲလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးကTalk Show ပြုလုပ် ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ထိုနောက်သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ဒုတိယဦးစီးမှုး ဒေါ်ဖြိုးမို့အောင်က ရေသယံဇာတများ၊လူသားနှင့်အပင်တို့အတွက် ရေအရေးပါပုံ၊ရေသယံဇာတများတစ်နေ့တစ်ခြား ရှားပါးလာပုံများ၊လူသားနှင့်သက်ရှိလောကတစ်ခုလုံး ရေထုညစ်ညမ်းမှုအပြင်အခြားသော အကြောင်းအရာများကြောင့်တစ်နေ့တစ်ခြား  ရေရှားပါးလာပုံများ ၊ ရေချွေတာသုံးစွဲရမည့်အကြောင်းများစသည်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍လက်ထောက်ဦးစီးမှုး ဒေါ်သီသီအေး က ရေအရင်းအမြစ်ရရှိပုံ၊မြေပေါ်ရေနှင့်မြေအောက်ရေများအကြောင်း၊ပင်လယ်ရေကို သောက်သုံးပါက ခန္ဓာကိုယ်၏ရေပါဝင်မှုကိုကျဆင်းသွားစေသည့်အကြောင်းအရာများ၊ရေရှားပါး၍ရေထုညစ်ညမ်းမှုများနှင့်ရေထုညစ်ညမ်းစေတဲ့အကြောင်းအရာများ စသည်တို့ ကိုဆွေးနွေးခဲ့‌ကြောင်းသိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)