ဘီးလင်းမြိုနယ် လူထုအခြေပြုဗဟိုဌာန ၌ ကလေးအလုပ်သမား ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ဆကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြိုနယ် လူထုအခြေပြုဗဟိုဌာန ၌ ကလေးအလုပ်သမား ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ဆကျင်းပပြုလုပ်


MNP ၊  မေ ၂၀

သထုံခရိုင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဘီးလင်းမြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့်ပူးပေါင်း၍ ကလေးအလုပ်သမား ဆိုင်ရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်းသိရသည်။

 အဆိုပါ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်အေးမျိုးမျိုးစံ က ဆွေးနွေးပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကလေးအလုပ်သမား ဆိုင်ရာအသိပညာပေး (Talk Show)ဆွေးနွေးပွဲပြုလုပ်ရာ ဘီးလင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက ကလေးအလုပ်သမားနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့်ပြဌာန်းချက်များ ၊ကလေးအလုပ်သမားဆိုင်ရာအမျိုးသားကော်မတီ(၈)ခုအကြောင်းတို့ကို အကျယ်တစ်ဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။


ထူးနောင် (ဘီးလင်း )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)