သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရာသီတုပ်ကွေးနှင့် မီးဖိုချောင်သုံး တိုင်းရင်းဆေးများအကြောင်း အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရာသီတုပ်ကွေးနှင့် မီးဖိုချောင်သုံး တိုင်းရင်းဆေးများအကြောင်း အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်



MNP - မေ  ၂၁


မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့၊ မွန်းလွဲပိုင်းက ရာသီတုပ်‌ကွေးနှင့် မီးဖိုချောင်သုံး တိုင်းရင်းဆေးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး (၂၅)ကုတင်ဆံ့ သထုံခရိုင်တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဦးဇော်မိုးထွေးက ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသည့်ကာလနှင့် ဖြစ်ပွားရသည့် အကြောင်းများ၊ ရောဂါလက္ခဏာများ၊ ရာသီတုပ်ကွေးရောဂါ ကုသရာတွင် သက်သာပျောက်ကင်းနိုင်သည့် အလွယ်တကူရရှိနိုင်သော မီးဖိုချောင်သုံး တိုင်းရင်းဆေး ပစ္စည်းများနှင့် အသုံးပြုပုံနည်းလမ်းများ၊ ရာသီတုပ်ကွေးဖြစ်ပွားပါက တိုင်းရင်းဆေးပညာအရ ဆောင်ရန်/ရှောင်ရန် အချက်များစသည့် ရာသီတုပ်ကွေးရောဂါနှင့် ကာကွယ်ကုသနိုင်သည့် မီးဖိုချောင်သုံး တိုင်းရင်းဆေးပစ္စည်းများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)