သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မုန်တိုင်းအကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မုန်တိုင်းအကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်




MNP - မေ   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မုန်တိုင်းအကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းမှ မုန်တိုင်းအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းမှ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြည်သူများ သဘာဝဘေး အန္တရာယ် (၁) မီးဘေး၊ (၂) ရေဘေး၊ (၃) လေဘေး၊ (၄) မုန်တိုင်းဘေး၊ (၅) မိုးကြိုးဘေး၊ (၆) မိုးခေါင်ရေရှားဘေး၊ (၇) ငလျင်ဘေး၊ (၈) လေပြင်းဘေး တစ်မျိုးမျိုးတို့ဖြင့် ထိခိုက်ခံစား ပျက်စီးရပါက ထောက်ပံ့ပေးလျက်ရှိကြောင်း ဌာန၏လုပ်ငန်းမိတ်ဆက်အဖွင့်စကား‌ ပြောကြား ပြီး မုန်တိုင်းဖြစ်ပေါ်လာပုံနှင့် အရောင်သတ်မှတ်မှုအပေါ် အမျိုးအစားအလိုက် ခွဲခြားထားရှိခြင်း၊ ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တပြေးညီ ထုတ်ပြန်အသိပေး ချက်များကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူပေါင်းပြီး လိုက်လံအသိပညာပေး သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆုံးရှုံးနစ်နာမှုများ အပေါ် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်၍ ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာမှုများအား ဆက်သွယ်ပေးပို့နိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံး ဖုန်း:၀၉-၈၉၂၈၀၇၉၅၈ သို့ဆက်သွယ်နိုင်ပါကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)