ပုသိမ်မြို့တွင် USDP က ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ကြိုဆိုထောက်ခံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင် USDP က ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ကြိုဆိုထောက်ခံပွဲ ကျင်းပ










MNP ၊ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ထောက်ခံပွဲအား USDP က ဦးဆောင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ကြပြီး ကန်ကြီးထောင့်မြို့နယ်က ဒေါ်ခင်မြတ်ကျော်က "ငြိမ်းချမ်းရေး ရရှိရေးသည် မြန်မာပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအောင်မိုးကျော်က ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ကြိုဆိုထောက်ခံကြောင်း ဟောပြောခဲ့ကြသည်။


အခမ်းအနားသို့ ဒေသခံပြည်သူ ၃၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်ရမည် ဟူသော ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (MMSP)၊ KNU/KNLA(PC) အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို နေပြည်တော် တပေါင်းကွင်းတွင် ပြည်သူ ၁၀၀၀၀ ခန့်ဖြင့် ကျင်းပခဲ့ပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ငြိမ်းချမ်းရေးကိုလိုလားသော ပြည်သူ ၇၀၀၀ ဝန်းကျင်က ထောက်ခံကြိုကြောင်း၊ မန္တလေးမြို့ တွင်လည်း ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများက ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံပွဲများ ကျင်းပခဲ့ကြပြီး အခြားသော မြို့များတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံပွဲများ ကျင်းပခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)