ဦးစီးအရာရှိနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ ပညာရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား Virtual စနစ်ဖြင့် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဦးစီးအရာရှိနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ ပညာရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား Virtual စနစ်ဖြင့် ကျင်းပ

 


MNP - မေ   ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်(တောင်ပိုင်း)ရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးရှိ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း(ရန်ကုန်)၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဦးစီးအရာရှိနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် Virtual စနစ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ၊ သင်ကြားမှုဆိုင်ရာ လုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် မူဝါဒ/စီမံကိန်းဆိုင်ရာလုပ်ငန်းများကို ပိုမိုတတ်ကျွမ်း နားလည်စေပြီး မိမိလုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်၊ လုပ်ငန်းတာဝန် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ရာထူးတိုးမြှင့်တာဝန်ထမ်းဆောင်ရာတွင် ရုံးလုပ်ငန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို တတ်ကျွမ်းနားလည်စွာ ဆောင်ရွက်တတ်စေရန်တို့အတွက် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းမှ ဌာနမှူးများ၊ လက်ထောက်ကထိကနှင့် ဦးစီးအရာရှိများဖြစ်သည့် သင်တန်းနည်းပြ(၁၄)ဦးတို့က သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဦးစီးအရာရှိ(၅၂)ဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး (၃၈)ဦး တက်ရောက်မည်ဖြစ်ကာ သင်တန်းကာလမှာ မေလ (၁၉)ရက်နေ့မှ ဇွန်လ (၁၅)ရက်နေ့ထိ (၂၈)ရက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သင်တန်းမှူးဖြစ်သည့် ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း(ရန်ကုန်)  ဌာနမှူး (ကွန်ပျူတာ /ICT)  ဒေါ်ခင်မေလွင် ထံမှသိရှိရသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးကျော်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမျိုးဝင်းအောင်နှင့် ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ (၉၀)ဦးတို့ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ဆုလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)