ရုရှားက ဘီလာရုဇ်အား 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့မည်ဟု ပူတင်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားက ဘီလာရုဇ်အား 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့မည်ဟု ပူတင်ပြောကြား


မော်စကို၊ ဇွန် ၂၆ 

လာမည့်လအနည်းငယ်အတွင်း ရုရှားက ဘီလာရုဇ်အား 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် ပူတင်က စိန့်ပီတာစဘတ်မြို့သို့အလည်အပတ်ရောက်ရှိနေသည့် ဘီလာရှဇ်သမ္မတ Lukashenko နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝက်ဘ်ဆိုဒ်က သတင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာ ပြတ်လပ်မှု၊ နေတိုးတပ်ဖွဲ့ လေကြောင်းလေ့ကျင့်မှုနှင့် ရုရှား-ဘီလာရုဇ် မဟာမိတ်၏ အမျိုးသားလုံခြုံရေးစသည့် ကိစ္စရပ်များကို နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြသည်။

ဘီလာရုဇ်နယ်စပ်အနီး အမေရိကန်နှင့် နေတိုးတပ်ဖွဲ့၏ နျူကလီးယား ဒုံးကျည်ထိပ်ဖူးတင်ဆင်ထားသည့် လေယဉ်များ ပျံသန်းလေ့ကျင့်မှုနှင့် ပတ်သက်၍ပြောကြားရာတွင် ပူတင်က တန်ပြန်အစီအမံများ လုပ်ဆောင်ရန် မလိုအပ်သော်လည်း ရုရှား-ဘီလာရုဇ် မဟာမိတ်နိုင်ငံနှင့် အခြားစုပေါင်းလုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးကို အာမခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ .

လာမည့်လအနည်းငယ်အတွင်း ရုရှားက ဘီလာရုဇ်ထံ သမားရိုးကျဒုံးကျည်နှင့် နျူးကလီယားဒုံးကျည် အပါအဝင် ပဲ့ထိန်းဒုံးကျည်နှင့် ခရုစ်ဒုံးကျည်စသည်တို့ကို သယ်ဆောင်နိုင်သည့် 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိဘီလာရုဇ်စစ်တပ် အသုံးပြုနေသည့် Su-25 တိုက်လေယာဉ်များကို ရုရှားစက်ရုံ၌ အဆင့်မြှင့်တင်ရန်လည်း ၎င်းက အဆိုပြုခဲ့သည်။

သမားရိုးကျနှင့် နျူကလီးယားဒုံးကျည်များအပါအဝင် ပဲ့ထိန်းဒုံးကျည်များနှင့် ခရုဇ်ဒုံးကျည်များကို သယ်ဆောင်နိုင်သည့် "Iskander-M" ဒုံးကျည်စနစ်အား လာမည့်လအနည်းငယ်တွင် ရုရှားနိုင်ငံက ဘီလာရုဇ်ထံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ရုရှားစက်ရုံတွင် လက်ရှိ Belarusian စစ်တပ်မှ အသုံးပြုနေသော Su-25 တိုက်လေယာဉ်များကို အဆင့်မြှင့်တင်ရန်လည်း ၎င်းက အဆိုပြုခဲ့သည်။

ဘီလာရုဇ်အနေဖြင့် အရာအားလုံးကို ကိုင်တွယ်ရန် အသင့်ပြင်ဆင်ထားကြောင်း Lukashenko က ပြောကြားခဲ့သည်။ ဘီလာရုဇ်သည် လစ်သူယေးနီးယားနှင့် ပိုလန်အစိုးရမှ လက်ခံကျင့်သုံးသည့် ထိပ်တိုက်ရင်ဆိုင်မှုဆိုင်ရာ မူဝါဒအပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ 

Iskander ဒုံးကျည်သည် လက်ရှိရုရှားစစ်တပ်၌ အသုံးပြုနေသည့် အဆင့်မြင့်ဆုံး စစ်ဆင်ရေးမဟာဗျူဟာမြောက် ဒုံးကျည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ ယင်းဒုံးကျည်အား ရန်သူ့ဒုံးကျည်စနစ်များ၊ တာဝေးပစ်အမြောက်စနစ်များ၊ လေဆိပ်များနှင့် ကွပ်ကဲရေးစခန်းစသည့် မြေပြင်ပစ်မှတ်များကို ဖျက်ဆီးရာတွင် အဓိကအသုံးပြုကြောင်း သိရသည်။ ပစ်လွှတ်မှုယာဉ်တစ်စီးတွင် ဒုံးကျည် ၂ စင်းသယ်ဆောင်နိုင်ပြီး ယင်းဒုံးကျည်နှစ်စင်းသည် တစ်မိနစ်အတွင်း ပစ်မှတ် ၂ ခု ပစ်ခတ်တိုက်ခိုက်နိုင်သည့် ပိုမိုလျင်မြန်သော၊ ရှာဖွေရန်ခတ်ခဲသော၊ အလိုက်သင့်သုံးစွဲနိုင်မှုရှိသော ရုရှားစစ်တပ်၏ အရေးကြီးသည့် ခေတ်မီစက်ကိရိယာဖြစ်ကြောင်း သိရသည်။ 


Ref: (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)