နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး Agroecological စီမံကိန်းသီးနှံမျိုးစေ့များနှင့် နှစ်ရှည်ပျိုးပင်များထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး Agroecological စီမံကိန်းသီးနှံမျိုးစေ့များနှင့် နှစ်ရှည်ပျိုးပင်များထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်


MNP ၊ ဇွန် ၁၃

နေပြည်တော်ကောင်စီအဖွဲ့ဝင်  ဦးမြင့်စိုးသည် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေး မြို့နယ်၊ မဒေါ့ပင်ကျေးရွာ၊ မဒေါ့ပင် စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)၌ ချောင်းမငယ် ရေလှောင်တမံ ရေဝေရေလဲနှင့် ရေသောက်ဧရိယာများတွင် Agroecological စီမံကိန်းတွင် သီးနှံမျိုးစေ့များနှင့် နှစ်ရှည်ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင်မှ အဖွင့်အမှာစကားပြောကြားရာ၌ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးနည်းသစ်များကို ပြောင်းလဲ စိုက်ပျိုးခြင်းဖြင့် သီးနှံထွက်နှုန်းနှင့် အရည်အသွေးများ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဆည်ရေသောက်ဒေသများသည် သီးထပ်သီးညှပ်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများကစပါး၊ နှမ်း၊ မြေပဲ၊ နေကြာ စသည့်မျိုးစေ့များနှင့် သရက်၊ ပိန္နဲ စသည့် နှစ်ရှည်ပျိုးပင်များအား ဒေသခံ တောင်သူများသို့ပေးအပ်သည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အဆိုပါဒေသသို့ စပါး(၂၀၀) တင်း၊ နှမ်း(၁၆)ဧကစာ၊ နေကြာ(၂၀၀)အိတ်၊ မြေပဲ(၂၀)တင်း၊ သရက်/ပိန္နဲပျိုးပင်(၅)ဧကစာနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ (၂၀၀)ထုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)